Part 21

317 19 4
                                    

မြေအောက်ခန်းထဲတွင်

၂နာရီကြာသွားတာတောင်ရှောင်ကျန့်ဟာ အိပ်ပျော်နေတုန်းပင်။ရိပေါ်ဟာကုတင်ထောင့်မှာထိုင်ပီး အိပ်ပျော်နေတဲ့ရှောင်ကျန့်မျက်နှာလေးကိုသာ တစ်စိမ့်စိမ့်ကြည့်နေလိုက်သည်။

ထို့နောက်ရိ‌ပေါ်ဟာရုတ်တရက်အတွေးတစ်ခုပေါ်လာပီး သူ့ဖုန်းကိုထုတ်ကာ သူရဲ့အစောင့်အားဖုန်းဆက်လိုက်သည်။

"ဟဲလို..သခင်လေး....."

"အပြာရောင်ပျော့ပျောင်းပီးနူးညံ့လှတဲ့အရုပ်ကို ဝယ်ပီးငါ့ကားထဲမှာထည့်လိုက်..."

"ကောင်းပါပီ..သ..."

ရိပေါ်ဟာသူ့ရဲ့အစောင့်ပြန်အဖြေကိုမစောင့်တော့ဘဲဖုန်းကိုတန်းချလိုက်သည်။

"အရုပ်ဟုတ်လား..ငါတို့သခင်လေးက တစ်ခုခုမှားနေပီထင်တယ် အမြဲတမ်းကြောက်စရာကောင်းလှတဲ့ သခင်လေးကို အခုလိုချစ်ပီးဂရုစိုက်တတ်အောင်ဘယ်သူများသင်ပေးလိုက်တာလဲ မသိဘူး..."

အစောင့်ဟာသူ့သခင်လေးရဲ့အံ့ဩစရာအပြုအမူတွေကို‌ပြောရင်း ခိုင်းထားတဲ့အလုပ်ကိုသာအာရုံစိုက်လိုက်သည်။‌

‌မြေအောက်ခန်းထဲမှာတော့ ရိပေါ်ဟာဖုန်းချလိုက်ပီး ရှောင်ကျန့်ရဲ့မျက်နှာနားသို့တိုးသွားကာ ရှောင်ကျန့်ရဲ့နှုတ်ခမ်းလေးအားနူးနူးညံ့ညံ့ပင်နမ်းလိုက်သည်။

"ငါဘယ်သူကိုမှမနမ်းဖူးသလို...တစ်ခါမှလည်းဒီလိုမကြုံတွေ့ဖူးဘူး...မင်းမဟုတ်တဲ့အခြားတစ်ယောက်ကိုနမ်းရင်ရောဒီလိုဘဲ ..ခံစားချက်တွေကောင်းနေမှာလား..."

ရိပေါ်ဟာတိုးတိုးပြောပီးရှောင်ကျန့်ရဲ့နုတ်ခမ်းတွေအားထပ်နမ်းလိုက်သည်။

ဒီတစ်ခါမှာတော့ ရိပေါ်ဟာ ရှောင်ကျန့်နှုတ်ခမ်းတွေအားထိကပ်နမ်းရုံတင်မဟုတ်တော့ဘဲ သူ့ပါးစပ်ထဲကိုစုပ်ယူလိုက်ကာအရသာကောင်းမွန်လှတဲ့ဂျယ်လီတုန်းလေးကို ကိုက်လိုက်သလိုမျိုး ကိုက်ဆွဲနေလိုက်သည်။ရှောင်ကျန့်မနိုးမချင်း ရိပေါ်ဟာ ပြင်းပြင်းထန်ထန်ပင်နမ်းရှိုက်နေလေတော့သည်။

ခဏကြာတော့ ရိပေါ်ဟာသူ့ရဲ့အနမ်းတွေကိုရပ်လိုက်ပီး ရှောင်ကျန့်နှုတ်ခမ်းအားလက်မဖြင့်ခပ်ဖွဖွသုတ်ကာ ကုတင်ရဲ့မလှမ်းမကမ်းမှာရှိနေတဲ့ ထိုင်ခုံမှာ ဖုန်းထိုင်သုံးနေလိုက်သည်။

My Mafia Husband  //Yizhan Fanfic (MM Translation)Where stories live. Discover now