Part 15

347 18 0
                                    

ဟိုက်ခွမ်းသည်အခန်းသို့ဝင်လိုက်သည်နှင့်သူ‌တွေ့လိုက်ရတဲ့အရာတွေကြောင့် မျက်လုံးများပင်ပြူးကျယ်သွားရသည်။ရှောင်ကျန့်ကိုယ်ခန္ဓာဟာစားပေါ်ပေါ်သို့ရောက်လုနီးပါးဖြစ်နေပီး ရိပေါ်ဟာလည်းရှောင်ကျန့်အားအပေါ်ကနေအုံ့မိုးထားလေသည်။ပီးတော့သူတို့မျက်နှာ‌တွေဟာအရမ်းပဲနီးကပ်နေကြတယ်။သူတို့ထဲကတစ်ယောက်ယောက်ဟာလှုပ်နေမယ်ဆိုရင် 100%နမ်းနေတာပေါ့။
ရိပေါ်ဟာရှောင်ကျန့်ရဲ့မျက်နှာကိုကြည့်နေစဉ်မှာပဲ ရှောင်ကျန့်ဟာလည်းရိပေါ်ရဲ့မျက်လုံးများကိုစူးနစ်စွာပင်ကြည့်နေလိုက်သည်။ရိပေါ်ရဲ့မျက်လုံးထဲမှာ ကြောက်ရွံ့မှု၊အထီးကျန်မှုတွေအပြင် ဒေါသအနည်းငယ်ကိုလည်းတွေ့မြင်လိုက်ရပေမယ့် ရိပေါရဲ့မျက်နှာကတော့ ဘာခံစားချက်မှမတွေ့ရသလိုပင် ရေခဲတမျှအေးစက်နေလေသည်။

*ဒုတ်...ဒုတ်..*

'ဘာလို့ငါ့နှလုံးသားကဒီလောက်တောင်ခုန်နေရတာလဲ...ငါနှလုံးဆရာဝန်တွေနဲ့ပြဖို့လိုနေပီထင်တယ်..ဒီကောင်လေးကိုရင်းရင်းနှီးနှီးသိနေသလိုဘဲ...ဘယ်မှာတွေ့ဘူးတာပါလိမ့်....သူနဲ့က.မနေ့ကဘဲပထမဦးဆုံးအကြိမ်တွေ့ဘူးတာပါ..ဒီကောင်လေးမျက်နှာကတစ်စုံတစ်ယောက်နဲ့တူနေသလိုဘဲ....ဒါပေမယ့်ဘယ်သူနဲ့တူနေမှန်းကိုစဉ်းစားလို့မရဘူးဖြစ်နေတယ်....'ရိပေါ်ဟာ‌ရှောင်ကျန့်အကြောင်းကိုတွေးနေပေမယ့်လည်း သူ့ရဲ့မျက်လုံးတွေကတော့ရှောင်ကျန့်ရဲ့ ပန်းဆီရောင်နှုတ်ခမ်းအိအိလေးအပေါ်မှာ ရစ်ဝဲလျက်ပင်။
.
.
.
.
.
'ငါ့ညီကငါ့ထင်ထားတာထက်ကိုလက်သွက်နေပါ့လားဟ...သနားစရာကောင်းတဲ့ဒီကောင်လေး ရှောင်ကျန့်ကိုဘယ်လိုလုပ်ရမလဲ...Ohhh ငါကငါ့အစီအစဉ်တောင်မစရသေးဘူးလေ..သူတို့နှစ်ယောက်ကအခုဆိုငါ့အခန်းထဲမှာတောင်ပွေ့ဖက်နေကြပါလား...ငါအခုဘယ်လိုလုပ်ရမလဲ...ရှောင်ကျန့်နဲ့ရိပေါ်ကိုလက်ထပ်ခိုင်းလိုက်သင့်လား...အဲ့တာတော့မဟုတ်သေးဘူး ...များလွန်းသွားပီ...အရင်ဆုံးသူတို့နှစ်ယောက်ကိုdateခိုင်းလိုက်ရမလား...အိုး..ရှုတ်နေတာပဲဘာလုပ်ရမလဲကိုမသိတော့ဘူး....ငါ့ညီလေးကတော့ငါ့ကိာအမြဲအံ့ဩစေတာပဲ...ဟွင်းဟွင်း...'ဟိုက်ဟွမ်းသည်သူ့အတွေးနဲ့ရှုတ်နေတာကြောင့် လူနှစ်ဦးဟာ ပုံမှန်အတိုင်းဖြစ်သွားတာကိုတော့သူမသိလိုက်ပေ။

My Mafia Husband  //Yizhan Fanfic (MM Translation)Where stories live. Discover now