Part 11(B)

395 25 0
                                    

ရှောင်းစံအိမ်တွင်
✓✓✓✓✓✓✓✓✓

ရှောင်ကျန့်ရဲ့အဖေနဲ့ကုမီတို့ဟာဧည့်ခန်းထဲမှာထိုင်ပီးစကားပြောနေကြစဉ် Mr.‌ရှောင်ရဲ့
ဖုန်းသံကြောင့် စကားလက်စဖြတ်လိုက်ပီးMr.ရှောင်ဟာဖုန်းကိုကိုင်လိုက်ကာဖုန်း‌
ပြောနေလေသည်။

ကုမီကလည်းအိမ်တော်ထိန်းယုနှင့်သခင်ကြီးရှောင်းတို့ပြောသမျှစကားတွေကိုကြားလိုက်ရသည်။

"သခင်ကြီး ဘယ်လိုလုပ်ရမလဲ... Wang Corporationကြောင့်ကျနော်တို့ကုမ္ပဏီကလည်းအဆက်မပြတ်အရှုံးပေါ်နေပီ....အခုဆိုရင် အဲ့Wang Corporationကကျတော်တို့ကုမ္ပဏီကိုကျော်ပီး တရုတ်ပြည်မှာ အကြီးဆုံးဖြစ်လာနေပီ....သူတို့ကကျနော်တို့ကိုပစ်မှတ်ထားနေသလိုပဲသခင်ကြီး....."လို့ကုမီဟာဖိုင်တစ်ချို့စစ်ဆေးရင်းပြောလေသည်။

"ဒါ‌‌တွေ တစ်နေ့နေ့ဖြစ်လာမယ်ဆိုတာ ငါသိပါတယ်...အခုဆိုသူလည်းအရွယ်ရောက်နေတဲ့လူငယ်တစ်ယောက်ဖြစ်သွားပီလေ...လက်စားချေဖို့ပြန်လာမှာပေါ့..."ဟုMr.ရှောင်ပြောလိုက်ပီး မျက်လုံးများကိုမှိတ်ကာ ကျောကို‌သက်သောင့်သက်သာဖြစ်စေရန်အတွက် အနောက်ကဆိုဖာကိုမှီလိုက်သည်။

"သခင်လေးကိုနည်းနည်းလောက်တော့ပြောပြထားသင့်တယ်...သူကိုသတ်ချင်နေတဲ့လူသတ်သမားကသူနဲ့အတူ...ရှိနေတယ်လို့..ပီးတော့ အဲ့လူသတ်သမားက သခင်‌လေးဘယ်သူဆိုတဲ့အမှန်တရားတော့မသိသေးဘူးလို့ပြောထားသင့်တယ်ထင်တယ်...."ကုမီကMr.‌ေရှာင်အားပြောပြလိုက်သည်။

"ပြောပြလို့လို့လည်းအချိန်မမှီတော့ဘူးထင်တယ်...အခုချိန်မှဗြုန်းစားကြီးအဲ့ကိစ္စကိုသွားပြောလိုက်လို့ ရောသားကယုံပါတော့မလား.."

"ဒါပေမယ့် သူသခင်လေးဘယ်သူဆိုတာကိုရှာတွေ့တော့မယ်...မကြာခင်တော့သခင်လေးအကြောင်းကိုသိသွားတော့မှာလေ...သူသခင်လေးပိုနာကျင်အောင်လုပ်ရင်ဘယ်လိုလုပ်မလဲ....."ကုမီဟာရှောင်ကျန့်အတွက်အလွန်စိတ်ပူနေလေသည်။

"သူရှောင်ကျန့်ကိုထိခိုက်အောင်လုပ်မှာတော့ခွင့်မပြုပါဘူး...သူရဲ့အမုန်းတရားနဲ့ဒေါသတွေကလည်း ထိလိုက်တာနဲ့ပေါက်ကွဲမယ့်ဗုံးတစ်လုံးမျိုးဖြစ်နေတယ်ဆိုတာသိပါတယ်.. ဒါပေမယ့် သားကျန့်မှာဘာအပြစ်မှမရှိဘဲနဲ့တော့ ထိခိုက်အောင်လုပ်ဖို့ကိုတော့ခွင့်မပြုထားနိုင်ဘူး..နောက်ထပ်ဝမ်ရိပေါ်အကြောင်းဘာတွေရှိသေးလဲပြောပြပါအုံး....."Mr.ရှောင်က ကုမီအားရိပေါ်အကြောင်းမေးလိုက်သည်။

My Mafia Husband  //Yizhan Fanfic (MM Translation)Where stories live. Discover now