Part 11

395 26 0
                                    

ရှောင်ကျန့်ရဲ့အိမ်

ရှောင်ကျန့်သူအိမ်ပြန်ရောက်တော့ည ၈နာရီထိုးနေလေပီ။အိမ်ရဲ့ လူခေါ်ဘဲလ်လေးကိုနှိပ်လိုက်သည်။အိမ်တော်ထိန်းယုက ပြုံးပြုံးရွှင်ရွှင်ပဲ တံခါးလာဖွင့်ပေးသည်။

"သားလေးရှောင်ကျန့် အိမ်ကနေကြိုဆိုပါတယ်ကွယ်...သာလေးမင်းဒီနေ့ဘယ်လိုနေသေးလဲ..."အိမ်တော်ထိန်းယုက ရှောင်ကျန့်အား‌မေးပီးတော့ အိမ်ဝမှာရပ်နေတဲ့ရှောင်ကျန့်ကိုယ်လေးအား အိမ်ထဲကိုဆွဲခေါ်လိုက်သည်။

ရှောင်ကျန့်ဟာ အန်တီယုအားဝမ်းနည်စွာပင် ခပ်ယဲ့ယဲ့လေးပြုံးပြလိုက်သည်။ရှောင်ကျန့်ရဲ့အပြုံးကိုမြင်ပီးတဲ့နောက်အိမ်တော်ထိန်းယုလည်းဒီနေ့အဆင်မပြေမှုတစ်ခုခုရှိလာတယ်ဆိုတာကိုသိလိုက်သည်။သူမသည်ရှောင်ကျန့်လက်ထဲက လက်ဆွဲအိတ်ကိုယူကာ ဧည့်ခန်းမှာရှိတဲ့ ဆိုဖာပေါ်မှာတင်လိုက် ပီး ရှောင်ကျန့်အား ထိုင်ခိုင်းလိုက်သည်။သူမမီးဖိုချောင်ထဲသို့သွားကာ ရှောင်ကျန့်အတွက် ရေအေးအေးလေးတစ်ခွက်ခပ်လာပီး ပေးလိုက်သည်။ရှောင်ကျန့်စိတ်ထဲတွင်အတော့်ကိုပင်ရှုတ်ထွေးနေလေသည်။ရှောင်ကျန့်ဟာအိမ်တော်ထိမ်းယုရဲ့ အရသာရှိလှသောအစားအသောက်တွေရ‌ဲ့အနံ့ကိုရလိုက်တဲ့အခါ မျက်နှာလေးဟာပိုပီးညိုးငယ်သွား‌ေလသည်။ဒီမနက် တွင် လည်းဆုရလျှင်သူမက အရသာရှိလှသောအထူးဟင်းပွဲများကို ချက်ပြုတ်ကျွေးမည်ဟုပြောလိုက်သည်ကိုသတိရမိသွားတာကြောင့်အားနာသွားရသည်။

ရှောင်ကျန့်အတော့်ကိုပင်ဝမ်နည်းနေသည်။သူ့ကိုအိမ်တော်ထိန်းယု စိတ်ပျက်သွားမှာကြောက်နေမိသည်။သူသည်အိမ်တော်ထိန်းယုကိုမိခင်ကဲ့သို့ပင် ဆက်ဆံပီး အလားတူ အိမ်တော်ထိန်းယုကလည်း သူ့ကို သူ့ရဲ့သွေားသားရင်းလိုပင် နွေးနွေးထွေးပင် ဆက်ဆံပေးသည်။သူမကရှောင်ကျန့် ၆နှစ်သားကတည်းက အတူနေထိုင်ခဲ့သည်။သူမသည် ရှောင်ကျန့်ကို ဘာဖြစ်နေလဲဆိုတာကိုမမေးဘဲနဲ့တောင် မျက်နှာကိုကြည့်ပီး ဘာဖြစ်နေလဲဆိုတာ အမေတစ်ယောက်လိုပင်ဖတ်နိုင်သည်။

ရှောင်ကျန့်သည် ခေါင်းငုံ့ကာထိုင်နေသော သူ့ဆိုဖာရှေ့၌တစ်စုံတစ်ယောက် ရှိနေသည်ကိုခံစားလိုက်ရသည်။ထိူလူဟာအန်တီယုကလွဲ တခြားလူမဖြစ်နိုင်ပေ။အန်တီယုဟာ သူ့လက်ထဲမှာကိုင်ထားတဲ့ ရေဖန်ခွက်ကိုရှောင်ကျန့်လက်ထဲ ထည့်ပေးလာသည်။ရှောင်ကျန့်လည်း ရေဖန်ခွက်ကိုယူလိုက်ပီး သူရဲ့ စိတ်ပင်းပန်းမှုတွေ ရေနဲ့တစ်ခါတည်းမျောပါသွားအောင် ရေကိုတစ်ခါတည်းမော့ချလိုက်သည်။သူရေသောက်ပီးတော့ အန်တီယု ကသူ့လက်ထဲကဖန်ခွက်ကို စားပွဲပေါ်တင်လိုက်ပီး သူကိုပဲကြည့်‌နေလေသည်။

My Mafia Husband  //Yizhan Fanfic (MM Translation)Where stories live. Discover now