Part 16

331 29 2
                                    

ကားခြောက်စီးက သူတို့ကားနောက်မှာသုံးကားနှင့် ရှေ့ဘက်မှာသုံးကားဖြင့် ဝန်းရံကာမောင်းနှင်နေကြသည်။

"မင်းခဏနေစောင့်ကြည့်လိုက်ယုန်ကောင်လေး...ငါ့အကိုကို ငြင်းမရလို့သာ အရေးအပါတဲ့စာချုပ်ကြီးကိုလက်ခံလိုက်ရတာ...ငါ့ဘက်က မလုပ်နိုင်ဘူးဆိုတဲ့အကြောင်းကိုတော့အရင်မပြောနိုင်ပေမယ့်...ညနေကျရင်မင်းဘာသာမင်း..အကို့ဆီမှာ'ကျနော်မလုပ်နိုင်တော့ပါဘူး..ကျ‌နော်ဒီအလုပ်ကနေထွက်ခွင့်ပြုပါ'ဆိုပီးပြောအောင်ငါလုပ်ပြမယ်...စောင့်ကြည့်နေလိုက်..အဟွန်း..."ရိ‌ေပါ်ဟာခပ်ဆိုးဆိုးလေးတွေးပီး ရယ်ကာမဲ့ပြုံးလပြုံးလိုက်သည်။

ရှောင်ကျန့် ခပ်တိုးတိုးရယ်သံကြောင့် သူ့ဘေးက ရိပေါ်ကိုလှည့်မကြည့်ဘဲ မျက်လုံးထောင့်ကနေသာချောင်းကြည့်လိုက်သည်။မျက်လုံးထောင့်ကနေကြည့်လိုက်တော့ နေရောင်အောက်က ရိပေါ်ရဲ့တောက်ပတဲ့အပြုံးကိုတွေ့လိုက်ရလေသည်။ဒါပေမယ့်လည်း လျစ်လျူရှုကာ မျက်လုံးများကိုမှိတ်ထားလိုက်လေသည်။

"‌အော်...ဒေါက်တာဝေ့ရင်း..နေ့လည်စာစားပီးသွားပီလား...ဒီနားမှာတရုတ်အစားစာကောင်းတဲ့‌ဆိုင်တစ်ဆိုင်ရှိတယ်...နေ့လည်စာစားကြည့်ရအောင်...."

"မဟုတ်ဘူးMr.ဝမ်..ကျနော်ဗိုက်မဆာပါဘူး..အဟင်း..."ရှောင်ကျန့်ဟာရိပေါ်ရဲ့ကမ်းလှမ်းချက်ကို ယဉ်ယဉ်ကျေးကျေးငြင်းပယ်ဖို့ကြိုးစားလိုက်ပေမယ့်လည်း

**ဂွီ..ဂွီ.**

ရှောင်ကျန့်ဟာအခုချိန်မှာအရမ်းကိုဗိုက်ဆာနေလေသည်။ဒါပေမယ့်လည်းရိပေါ်နဲ့အတူစားရမှာကြောက်တာကြောင်ြ ငြင်းပယ်ဖို့ကြိုးစားပေမယ့်လည်းသစ္စာမရှိတဲ့ သူ့ရဲ့ဗိုက်ကတော့ ဆာလောင်နေကြောင်းအချက်ပြလိုက်သည်။

"မင်းကသာမဆာဘူးပြောနေတာ...မင်းဗိုက်ကတော့အချက်ပြနေပီ...ကဲနောက်၁၀မိနစ်အတွင်းအဲ့ဆိုင်ကိုရောက်လိမ့်မယ်....."
ရှောင်ကျန့်ဟာရိပေ့်ရဲ့စကားကြောင့်ရှက်သွားပီးရိုးသားစွာပင်အချက်ပြလိုက်တဲ့သူ့ရဲ့ဗိုက်အား စိတ်ထဲကနေကျိန်ဆဲလိုက်လေသည်။
.
.
.
.
.
.

မိနစ်အနည်းငယ်ကြားပီးနောက်မှာစားသောက်ဆိုင်သို့ရောက်လာခဲ့ကြသည်။နှစ်ယောကါစလုံးဟာကားပေါ်မှဆင်းကာစားသောက်ဆိုင်အတွင်းသို့ဝင်သွားကြလေသည်။

My Mafia Husband  //Yizhan Fanfic (MM Translation)Where stories live. Discover now