Part 27

182 22 2
                                    

နောက်ထပ်နံရံမှာချိတ်ဆွဲထားတဲ့ပုံတွေကိုကြည့်လိုက်တဲ့အခါရှောင်းကျန့်ရဲ့အထက်တန်းတုန်းပုံတွေကို တွေ့လိုက်ရသည်။ဒါ‌ပေမယ့် ရိပေါ်ထိုပုံများထဲကနေမှ
ပုံတစ်ပုံကိုတွေ့လိုက်ရတဲ့အခါ မျက်မှောင်အလိုလိုကျုံးလိုက်မိသည်။ထိုပုံကတော့ ရှောင်းကျန့်ငယ်ဘဝပုံဖြစ်တဲ့ ၅နှစ်၆နှစ်အရွယ်လောက်ကဓာတ်ပုံလေးပင်ဖြစ်သည်။

"ဒီပုံက ဘာလို့ဒီနေရာမှာရှိနေရတာလဲ..."

ရိပေါ်က သူ့ကို ဝမ်ဦးလေးက ရှောင်းကျန့်ရဲ့ငယ်ဘဝက ပုံဟောင်းပုံတစ်ပုံနဲ့ ဖိုင်တစ်ဖိုင်ပေးထားတာကို ရှင်းရှင်းလင်းလင်းမှတ်မိလိုက်သည် ။ပြီးတော့ နံရံပေါ်မှာချိတ်ဆွဲထားတဲ့ပုံနှင့် ဖိုင်ထဲမှာရှိတဲ့ပုံတို့ဟာအတူတူပင်ဖြစ်လို့နေလေသည်။

"မဖြစ်နိုင်ဘူး...ဝေ့ရင်း...မဟုတ်သေးဘူး...ရှောင်းကျန့်...ဒီမှာဘာလာလုပ်တာလဲ....မဟုတ်သေးဘူး..."

ရိပေါ်ဟာဓာတ်ပုံအားစက္ကန့်အနည်းငယ်ကြာအောင်ကြည့်ပြီးတဲ့နောက်မှာတော့ အိပ်ပျော်နေတဲ့ရှောင်းကျန့်မျက်နှာအားလှမ်းကြည့်လိုက်သည်။ အိပ်ပျော်နေတဲ့ရှောင်းကျန့်ရဲ့အောက်နှုတ်ခမ်းမှာရှိတဲ့မှဲ့နက်လေးအား မျက်လုံးများကစေ့စေ့ကြည့်ပြီး ခေါင်းအား နံရံပေါ်မှာရှိနေတဲ့ပုံဆီသို့ဖြည်းညှင်းစွာလှည့်ကာ သေချာကြည့်လိုက်တဲ့အခါ ထိုပုံတွင်လည်းနှုတ်ခမ်းအောက်တစ်နေရာမှာ မှဲ့နက်လေးအားတွေ့လိုက်ရသည်။

"မဟုတ်ဘူး.....မဟုတ်ဘူး....တိုက်ဆိုင်မှုလို့ထင်ပေမယ့် ....ဒီ....ဓာတ်ပုံ...."

ရိပေါ်တစ်ယောက် မယုံကြည်နိုင်ခြင်းတွေကြောင့် သူ့ရဲ့မျက်နှာဟာ ခံစားချက်မဲ့နေပြီး ကျောက်ရုပ်ကြီးလိုပင် တောင့်တောင့်ကြီးရပ်နေလေသည်။

မယုံကြည်နိုင်မှု ကြောင့် ဓာတ်ပုံအားပြန်ကြည့်လိုက်တဲ့အခါ  ဒီတစ်ခါမှာတော့ သူအတွေးလွန်တာ အမြင်မှားနေတာမဟုတ်ဘဲ အမှန်နေတာကိုပင်။သူ့အတွက်မျှော်လင့်ချက်လေးအနည်းငယ်လောက်ရှိမယ်လို့ထင်ထားပေမယ့်လည်း နောက်ဆုံးပုံလေးက သူ့ရဲ့ မျှော်လင့်ချက်တွေကိုရိုက်ချိုးပစ်လိုက်သည်။

My Mafia Husband  //Yizhan Fanfic (MM Translation)Onde histórias criam vida. Descubra agora