Part 22

249 18 6
                                    

ဝမ်ဟိုက်ခွမ်း၏နေအိမ်

ရှောင်းကျန့်ဟာအန်တီယုဆီကနေခွင့်ပြုချက်ရပီးနောက် သကြားလုံးများဝယ်ပီး မကြာခင်ရိပေါ်တို့အိမ်သို့ရောက်ရှိသွားသည်။
ဟိုက်ခွမ်းဟာသူ့တို့ကိုကြိုဖို့အိမ်ရှေ့မှာစောင့်နေပီးကျန်းချန်ကတော့ မီးဖိုချိန်မှာအလုပ်ရှုပ်နေလေသည်။ကျန်းချန်ဟာ သူတို့အတွက် ညစာကိုကိုယ်တိုင်ပြင်ပေးချင်တာကြောင့် အလုပ်သမားများအားစောစောအနားယူဖို့ခွင့်ပြုပေးလိုက်သည်။ကျန်းချန်နှင့်ရှောင်းကျန့်ဟာ ‌ကျန်းချန်တစ်ယောက်ဟိုက်ခွမ်းအားနေ့လည်စာ သို့မဟုတ် ဖိုင်တွေပေးဖို့ဆေးရုံသို့မကြာခဏသွားတဲ့အချိန်တွင်တွေ့ဆံုရင်းကနေ တစ်ယောက်နဲ့တစ်ယောက်သိနေကြခြင်းဖြစ်သည်။

ရှောင်းကျန့်အား နာမည်အရင်းမခေါ်ဖို့သူ့အားဟိုက်ခွမ်းကာကြိုပြောပြထားသည်။

"ကြိုဆိုပါတယ် ...ဒေါက်တာဝေ့ရင်း.."

ဟိုက်ခွမ်းက ရိပေါ်ရဲ့အနောက်မှာတုန်လှုပ်ကာကြောက်နေတဲ့ရှောင်းကျန့်အား ရိပေါ်ရဲ့အနောက်ကနေခေါ်ထုတ်ကာဆွဲဖက်ပီးနှုတ်ဆက်လိုက်သည်။

"ဘာဖြစ်တာလဲအကိုက ..ဒီယုန်စုတ်ဆရာဝန်ကြောင့် အခုငါ့ကိုလျစ်လျုရှုလိုက်တာလား.."ရိပေါ်ကသူ့အကိုရဲ့အပြုအမှုအားအံ့အားကြီးစွာတိုးတိုးလေးပြောလိုက်ပီး အိမ်ထဲသို့ဝင်သွားကာ အကိုဖြစ်သူနှင့် ဟိုဆရာဝန်နောက်အားလိုက်သွားလိုက်သည်။

အိမ်ထဲရောက်တော့ရှောင်းကျန့်ဟာ တစ်ခုခုကိုသတိရသွားတာကြောင့် အိမ်အပြင်ဘက်မှာရပ်ထားတဲ့ ကားဆီသို့ပြေးသွားလိုက်သည်။

"ဘာဖြစ်လို့ဘဲဒေါက်တာဝေ့ရင်း..!!"

ဟိုက်ခွမ်းကရှောင်းကျန့်ရဲ့အပြုအမှုကြောင့်လှမ်းမေးလိုက်သည်။ရိပေါ်ကလည်းဘာလဲဟဆိုတဲ့အကြည့်မျိုးဖြင့်ကြည့်ရှောင်းကျန့်အားအမေးမျက်လုံးများဖြင့်ကြည့်‌လိုက်သည်။

ရိပေါ်တို့ညီအကိုနှစ်ယောက်ကလည်း ရှောင်းကျန့်ဘာကြောင့်အိမ်အပြင်ဘက်ကိုပြေးထွက်သွားတာလဲဆိုတာကိုသိချင်တာကြောင့် ရှောင်းကျန့်ရဲ့နောက်ကနေလိုက်သွားလိုက်သည်။

My Mafia Husband  //Yizhan Fanfic (MM Translation)Where stories live. Discover now