Unicode
ပရော်ဖက်ဆာ System သည် "The Exceptional Furnace" ဝတ္ထု၏ နူးညံ့ကြင်နာပြီး ကြေကွဲဖွယ်ကောင်းသော ဇာတ်လိုက်shouကို ကယ်တင်ရန် မစ်ရှင်တစ်ခု ထုတ်ပြန်ခဲ့သည်။
ထူးချွန်ကျောင်းသား ချင်ရှစ်- "စိတ်မပူပါနဲ့ ပရော်ဖက်ဆာ! ဒီလူနာကို ကျွန်တော်လုံးဝ တာဝန်ယူပါတယ်!"
မသေမျိုးလောကတွင်...
စုန်ချင်ရှစ်တစ်ယောက် သူ့နှလုံးသားထဲမှ ချီးမွမ်းစကားဆိုလိုက်သည် "ငါ့ရဲ့လူနာလေးက ကမ္ဘာပေါ်မှာ အကြင်နာဆုံးနဲ့ အလှဆုံး နတ်သားလေးပဲ"
ယွဲ့ဝူဟွမ် သူ့လက်မှ သွေးများကို တိတ်တဆိတ်ဆေးကြောပြီး နူးညံ့စွာ ပြုံးလိုက်သည် "အင်း"
စုန်ချရှစ်တစ်ယောက် သူ့နှလုံးသားထဲကနေ ကျိန်ဆိုလိုက်သည်- "ဆရာဝန်တစ်ယောက်အနေနဲ့ ငါ့ရဲ့လှပတဲ့လူနာလေးကို ဘယ်တော့မှ လိုချင်တပ်မက်မှုမရှိသလို အခွင့်ကောင်းလည်းမယူပါဘူး!"
ယွဲ့ဝူဟွမ်သည် ဆရာဝန်လေးအပေါ် အခွင့်ကောင်းအပြည့်အဝယူထားကာ နူးညံ့စွာ ပြုံးလိုက်သည်။ "အင်း"
စုန်ချင်ရှစ်တစ်ယောက် သူ့နှလုံးသားအတွင်းထဲကနေ ခိုင်ခိုင်မာမာ ယုံကြည်ထားသည် "ငါ့ရဲ့ချစ်ခြင်းမေတ္တာတွေ၊ ဂရုစိုက်မှုတွေအောက်မှာ လူနာလေး ဘယ်တော့မှ မည်းမှောင်လာမှာမဟုတ်ဘူး!"
ယွဲ့ဝူဟွမ် သူ၏ ဆိုးရွားလွန်းသော အတွေးများကို တိတ်တဆိတ် ဖုံးကွယ်ကာ နူးညံ့စွာ ပြုံးလိုက်သည်။ "အင်း"
မငြိမ်းခန်းမတွင်၊ ထိုလူသည် ဝိညာဉ်မီးအိမ်ပေါင်း တစ်ထောင်ကျော်အား စောင့်ကြပ်ရင်း အရိုးဖြူပလ္လင်ပေါ်တွင် စံမြန်းတော်မူနေ၏။
"မင်းလေးက ဒီကမ္ဘာပေါ်မှာ ကိုယ့်ကို ကြင်ကြင်နာနာ ဆက်ဆံတဲ့ တစ်ဦးတည်းသောသူပဲ"
"ဒါပေါ့ ကိုယ်ကလည်း မင်းတစ်ယောက်ထဲကိုပင် ကြင်နာတတ်တာ"
ထူးချွန်ကျောင်းသား စုန်ချင်ရှစ်ကတော့ လုံးဝကိုပီတိဖြာနေတော့သည်- "ပရော်ဖက်ဆာ! ကျွန်တော် အမှတ်ပြည့်ရနိုင်လား?"
ပရော်ဖက်ဆာsystem ပေါက်ကွဲသွားတော့သည်- "ငတုံးကောင်! မင်း လူမှားကယ်မိတာကွ!"
YOU ARE READING
ဗီလိန်အားမှားယွင်းစွာကယ်တင်မိခြင်း {Mmtranslation} [Dropped]
Romance22 နောက်ပိုင်းပါရှင့်~♥ Zawgyi: ဗီလိန်အားမှားယွင်းစွာကယ်တင်မိခြင်း 22နောက်ပိုင်း အဆက်လေးပါရှင့်~♥ Associated Names: 論救錯反派的下場 Author(s): Feng Yu Nie (凤羽涅) Status in COO: 120 Chapters (Completed)