Ch.(34) နှလုံးမဲ့လမ်းစဉ် / နှလုံးမဲ့လမ်းစဉ်

491 115 16
                                    

Unicode

ကိုယ်ရဲ့မင်းအပေါ် ခံစားချက်တွေကလည်း သူနဲ့တူတူပါပဲ...

စုန်ချင်ရှစ်က စာရေးတံကို ကိုင်ထားပြီး ဒီစာကို ဘယ်လိုရေးရမလဲဆိုတာ အတော်ကြာအောင် တွေးနေခဲ့သည်။

သူသည် သိပ္ပံပညာတွင် ဖြူစင်သူတစ်ဦးဖြစ်သည်။ အကယ်၍၎င်းသာ သိပ္ပံနည်းကျစာတမ်း၊ စမ်းသပ်မှုဒေတာ၊ သို့မဟုတ် ပညာရပ်စကားရည်လုပွဲတစ်ခုဖြစ်ခဲ့ပါက၊ သောင်းနှင့်ချီသော စကားလုံးများပင်ဖြစ်စေ ပြဿနာမရှိပါ။ သို့သော် သူ့ခံစားချက်များကို ဖော်ပြရန်လိုအပ်သည့် ကိုယ်ရေးကိုယ်တာစာများသည် အလုပ်အီးမေးလ်များ၊ သို့မဟုတ် တရားဝင်အစီရင်ခံစာများနှင့် ဆင်တူလှသည်။

အန်းလုံထံ ရေးလေ့ရှိသောစာများသည် အဓိကအားဖြင့် သုတေသနအစီရင်ခံစာများနှင့် စမ်းသပ်မှုရလဒ်များသာဖြစ်သည်...

အခုတော့ သူ့ဦးနှောက်တွေ ရှုပ်ထွေးနေပြီး နောက်ဆုံးတော့ 'ငါ့သူငယ်ချင်း၊ အန်းလုံ' လို့ စာရဲ့အစမှာ ရေးခဲ့သည်။ ထို့နောက်တွင်၊ သူသည် ယွဲ့ဝူဟွမ် ကောင်းကင်ဘုံအတိဒုက္ခကိုလက်ခံရရှိခြင်းနှင့်ပတ်သက်၍ အဖြစ်အပျက်ကိုဖုံးကွယ်ထားပြီး မတော်တဆမှုတစ်ခုကြုံတွေ့ခဲ့ရပြီး မိုးကြိုးအတိဒုက္ခတစ်ခုအတွင်း ပြင်းထန်သောဒဏ်ရာများရရှိခဲ့သည်ဟုဆိုခဲ့သည်။ ယွဲ့ဝူဟွမ်မှာ ဒီကိစ္စကို ဖုံးကွယ်ဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ကြောင်းနှင့် ယွဲ့ဝူဟွမ်က သူ့အသက်ကို ကယ်တင်ရန် ရိုးရိုးရှင်းရှင်း အလျင်အမြန် လုပ်ဆောင်ရကြောင်း ရေးသားခဲ့သည်။ တစ်စုံတစ်ယောက်က မမြင်ချင်ယောင်ဆောင်ကာ လစ်လျူရူမည်ကို စိုးရိမ်၍ စာလုံးကြီးကြီးဖြင့် 'သူ့ကိုငါ့အသက် အကြွေးတင်ထားတယ်' ဟူသော စာကြောင်းကို ရေးသားခဲ့သည်။ နောက်ဆုံးတွင် သူ၏ကျန်းမာရေးနှင့် ပတ်သက်ပြီး ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ရှိပြီး သူ၏အဆိပ်အစီအရင်ကို ဖြိုဖျက်မနေတော့ဘဲ အိမ်ရှေ့တံခါးမှ လျောက်လာပါဟု တောင်းဆိုလိုက်ရသည်။

စုန်ချင်ရှစ် ရေးပြီးတဲ့အခါ၊ သူက အကြိမ်ပေါင်းများစွာ စစ်ဆေးသည်။ ထို့နောက် သူကယွဲ့ဝူဟွမ်အား ထပ်ဖြည့်ရန် လိုအပ်သည်များ ရှိမရှိသိနိုင်ရန် ကူညီတောင်းဆိုခဲ့သည်။ အမှားအယွင်းမရှိကြောင်း အတည်ပြုပြီးနောက် ၎င်းကိုစာအိတ်ထဲသို့ ထည့်ထားခဲ့သည်။ ပြိုကျပျက်စီးသွားသော ဝိညာဉ်ကျောက်တုံးများအကြောင်း တွေးတောရင်း ရင်ဘတ်အောင့်နေသေးသည်။ အန်းလုံက နားမလည်နိုင်မှန်းသိသဖြင့် ဒေါသပြေရန် စာအိတ်ပေါ်ရှိ အန်းလုံ၏နာမည်ဘေးတွင် Alaskan Malamuteခေါင်းပုံကို ဆွဲလိုက်သည်။

ဗီလိန်အားမှားယွင်းစွာကယ်တင်မိခြင်း {Mmtranslation} [Dropped]Where stories live. Discover now