Ch.(29) သစ်သားသေတ္တာ/ သစ္သားေသတၱာ

377 111 6
                                    

Unicode

"တစ်ယောက်ယောက်ကိုကြိုက်ရင် ဒီလိုအရာမျိုးတွေ လုပ်ပေးတယ်လေ"

ရှဲ့ချွယ်သည် ပါးစပ်မှ အလိမ်အညာများနှင့် ပြည့်နှက်နေသော လူလိမ်တစ်ဦးဖြစ်သည်။ သူ့စကားတစ်ခွန်းမှ နားမထောင်ထိုက်။

စုန်ချင်ရှစ်က သူနဲ့ စကားပြောဖို့ လုံးဝ ရည်ရွယ်ချက် မရှိ။ ကြာနက်သည် သူ့လက်ဖဝါးတွင် တစ်ဖန်ပွင့်လာပြီး အဆိပ်ပြင်းမီးအပိုင်းအစလေးခုသည် ရှဲ့ချွယ်၏ လက်နှင့်ခြေတို့ကို ဝန်းရံထားကာ သူ့အသားနှင့်အရိုးများကို ကြေမွသွားစေသည်။ ရှဲ့ချွယ်က သူ့လည်ပင်းတွင်ဆွဲထားသော ကျောက်စိမ်းဆွဲသီးကို အမြန်ဆုတ်ဖြဲလိုက်၏။ သူ့အောက်တွင် ရွှေရောင်အကာအကွယ်ပေါ်လာပြီး တိုက်ချက်အများစုကို ပိတ်ဆို့ထားကာ ကျောက်စိမ်းဆွဲသီးမှာ အနက်ရောင်ပြောင်းကာ ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။ ကျန်ရှိသော အဆိပ်တောက်မီး၏ စွမ်းအားမှာ လျော့မသွားဘဲ သူ့ခြေထောက်များပေါ်တွင် အမဲစက်များစွာ ပေါ်လာကာ ဖြည်းညှင်းစွာ ပြန့်နှံ့လာသည်။

ကျင့်ကြံသူအဖြစ် ရှဲ့ချွယ်၏ အရည်အချင်းသည် အလယ်အလတ်ဖြစ်သော်လည်း သူသည် ကျွန်များကို နှစ်ပေါင်းများစွာ ရောင်းဝယ်ဖောက်ကားခဲ့ပြီး မှော်လက်နက်အချို့ကို ရယူနိုင်သေးသည်။

ရှဲ့ချွယ် မြေပြင်ပေါ် လဲကျသွားတော့သည်။ သူ့လက်တွေကို သုံးကာ နောက်ပြန်ဆုတ်သွားရင်း တစ်ကိုယ်လုံး တုန်လှုပ်နေသည်။ “အရှင်၊ ကျွန်တော့်ကို သက်ညှာပါနော်။ ကျွန်တော်မှာရှိသမျှ အကုန်ပေးပါ့မယ်....အရှင် ဝူဟွမ်ကို နှစ်သက်တယ်ဆိုရင် မင်ဟုန်လို့ခေါ်တဲ့ ဒီကလေးကလည်း ငယ်ငယ်က ဝူဟွမ်နဲ့ တော်တော်ဆင်တယ်။ သူ့ကို ပြန်ခေါ်သွားပြီး ပျိုးထောင်လို့ရပါတယ်…”

မင်ဟုန် အံ့ဩသွားပြီး ဒါက ဘာကိုဆိုလိုမှန်း နားမလည်ပေ။

ရှဲ့ချွယ်သည် စုန်ချင်ရှစ်၏ အတွေးများကို မြင်သည်။ နောက်သို့ ဖြည်းညှင်းစွာ ရွေ့လျားရင်း၊ သူက “ဝူဟွမ်လည်း ဒီအရွယ်တုန်းက ဒီလိုမျိုး ၀တ်စားတာ….သူက နာခံပုံပေါက်ပေမယ့် တကယ်တော့ အရမ်းဆိုးတယ်။ အရှင်၊ မင်ဟုန်ရဲ့မျက်နှာကို အနီးကပ်ကြည့်ကြည့်ပါ။ မျက်လုံးကလွဲရင် သူတို့က အရမ်းဆင်တယ်....အရှင် ဝူဟွမ်အတိတ်က ဘာဖြစ်ခဲ့လဲ သိချင်လား?"

ဗီလိန်အားမှားယွင်းစွာကယ်တင်မိခြင်း {Mmtranslation} [Dropped]Tahanan ng mga kuwento. Tumuklas ngayon