Ch.(23) စိတ်ကူးကူထဲမှ ခံစားချက်များ

1.2K 131 17
                                    

Unicode

"ဝူဟွမ်၊ ငါ မင်းကို ကြိုက်တယ်"

အန်းလုံတစ်ယောက် တစ်ညလုံး ကောင်းကောင်းအိပ်မပျော်ခဲ့။ သူ၏အိပ်မက်များသည် ထိုနတ်ဆိုး၏မျက်နှာနှင့် ပြည့်နှက်နေခဲ့သည်။ ရိုက်လည်းမရိုက်နိုင်သလို ဆူလည်းမဆူနိုင်ဘဲ သူ၏ စိတ်လိုအင်ဆန္ဒများကိုသာ အလေးအနက် စမ်းသပ်နေခဲ့သည်....

သူ ထိတ်လန့်တုန်လှုပ်စွာဖြင့် လန့်နိုးသွားခဲ့သည်။ သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ဤကိစ္စကြောင့် ခွေးလေးတစ်ကောင်လို ကြောက်လန့်သွားခဲ့ရလေသည်။

အန်းလုံ ဒေါသအရမ်းထွက်သွားပြီး နောက်ထပ်အနည်းငယ် ကျိန်ဆဲပစ်လိုက်သည်။ ထို့နောက်တွင် သူ၏ ဒဏ်ရာရနေသော ဝိညာဉ်လေးကို ကုသပေးမည့် ချစ်လေးကိုရှာရန် ဝမ်းသာအားရ ပြေးသွားစဉ် သုတေသနခန်းထဲတွင် ယွဲ့​ဝူဟွမ်မှ စုန်ချင်ရှစ်အား သတင်းပို့နေသည်ကို တွေ့လိုက်ရသည်။ သူ တိတ်တဆိတ် ရှောင်ထွက်သွားသော်လည်း ယွဲ့ဝူဟွမ်က သူ့ကို ပရောပရည်အပြုံးဖြင့် တွေ့ရှိသွားခဲ့သည်။ သူသည် မိမိကိုယ်မိမိ မထိန်းနိုင်ဘဲ ဤနတ်ဆိုးကို ဖယ်ရှားရန် ကူအချို့ကိုထုတ်လိုက်ပြီး စိုးရိမ်စွာဖြင့် ချက်ချင်းနံရံပေါ်တက်ကာ ထွက်ပြေးသွားတော့သည်။

စုန်ချင်ရှစ် အံ့ဩသွားသည်။ "အန်းလုံ ဘာလို့ထွက်​​ပြေးသွားတာလဲ? သူပဲ မင်းသူငယ်ချင်း ဖြစ်ချင်တာမဟုတ်ဘူးလား?"

ယွဲ့ဝူဟွမ် ပြုံးလိုက်သည်။ "ကျွန်တော်လဲ မသိပါဘူး"

အန်းလုံ: "......"

ဒေါသထွက်လွန်းလို့ လက်တုံ့ပြန်ဖို့သာ ဆုံးဖြတ်လိုက်တော့သည်။

သူသည် အနောက်သစ်တော၏ ဂုဏ်သိက္ခာရှိသော ကူဘုရင်ဖြစ်သည်၊ သူကျန်းဟူကိုဖြတ်၍ လမ်းလျှောက်လာတိုင်း သူ၏ ရန်လိုပြီး အင်အားကြီးသော ဂုဏ်သတင်းများကြောင့် သူ့ရှေ့မှလူတိုင်း ကြောက်ရွံ့ထိတ်လန့်သွားကြသည်။ ဤချီသန့်စင်ခါစကျင့်ကြံသူလေးကြောင့် ဘယ်လိုလုပ် စိတ်ဖိစီးနေရတာလဲ?

သူသည် စုန်ချင်ရှစ်၏ အောက်ခြေမျဉ်းကို သေချာစဉ်းစားပြီး စိတ်ကူးကူကို လျှို့ဝှက်စွာထုတ်လိုက်သည်။ စိတ်ကူးကူသည် အန္တရာယ်ရှိသော ကူမဟုတ်ပါ။ ၎င်းသည် လူသားတစ်ဦး၏ အလိုဆန္ဒနှင့် သဘာဝကိုသာ ခံစားစေနိုင်ပြီး ကျေနပ်စေရန် ဆက်စပ်ထင်ယောင်ထင်မှားများကို ဖန်တီးနိုင်၏။ စိတ်ကူးယဉ်ကမ္ဘာ၏ သရုပ်ဖော်ပုံသည်လည်း အလွန်တိကျပြီး လှပပုံပေါက်စေသည်။ အချိန်အများစုသည် နွေဦးအိပ်မက်တစ်ခုလို ဖြစ်ကောင်းဖြစ်မည်။(ဘာအိမ်မက်လည်းသိတယ်မလား အဟမ်း) သူနဲ့ပတ်သက်တဲ့ အမျိုးသမီးတွေနဲ့ ဆက်ဆံရာမှာ မကြာခဏဆိုသလို အသုံးပြုလေ့ရှိသည်။ ရံဖန်ရံခါတွင်၊ သူကိုယ်တိုင် မမြည်းစမ်းနိုင်သော အရသာများကို မြည်းစမ်းရန် စိတ်ကူးယဉ်ကမ္ဘာသို့သာ ပြေးသွားလေ့ရှိသည်။

ဗီလိန်အားမှားယွင်းစွာကယ်တင်မိခြင်း {Mmtranslation} [Dropped]Tempat cerita menjadi hidup. Temukan sekarang