Ch.(32) သူ့ဘဝရဲ့ကတိ /သူ့ဘဝရဲ့ကတိ

506 119 11
                                    

Unicode

ကိုယ်မင်းကို ကုပေးမယ်

ဆရာဝန်များအတွက် အရေးကြီးဆုံးအချက်မှာ အထူးသဖြင့် ရှုပ်ထွေးကာ၊ အရေးကြီးသော အရေးပေါ်အခြေအနေတွင် လူနာနှင့်ရင်ဆိုင်ရသည့်အခါ တည်ငြိမ်နေရန်ဖြစ်သည်။

အတိဒုက္ခတိမ်တိုက်များ ပျောက်ကွယ်သွားခဲ့ပြီး မရေမတွက်နိုင်သော ကြယ်များသည် ကောင်းကင်တစ်ခုလုံးကို တစ်ဖန်​ဖြည့်တင်းလာခဲ့သည်။

သူ့(ယွဲ့ဝူဟွမ်)ကို ကယ်တင်တာက အချိန်နှင့် ဆန့်ကျင်ခြင်းပင်၊ သူ့အတွက်​ နာကျင်​ဖို့တောင် အချိန်​မရှိခဲ့...

ယွဲ့ဝူဟွမ်သည် စုန်ချင်ရှစ်ကို ဂရုတစိုက် ကောက်ချီလိုက်ကာ ဆေးဘုရင်တောင်ကြားသို့ တိတ်တဆိတ် ပြန်လာခဲ့သည်။

သူသည် ရတနာအိမ်၏စုဆောင်းမှုမှ ရွှေရောင်လီလီနှလုံးကာကွယ်ဆေးလုံးကို ပထမဆုံးထုတ်ယူပြီး နှလုံးနှင့်အသက်ကို တည်ငြိမ်စေရန် စုန်ချင်ရှစ်အား တိုက်ခဲ့သည်။ ထို့နောက်တွင် စုန်ချင်ရှစ်အား သူတံခါးပိတ်ကျင့်ကြံရန် အသုံးပြုသောလျှို့ဝှက်ခန်းသို့ တိတ်တဆိတ် ပြောင်းရွှေ့လိုက်သည်။ ဤအပိတ်ခန်းသည် အိပ်ခန်းအောက်ရှိ မြေအောက်၌ တည်ရှိပေသည်။ မပြီးဆုံးသေးတဲ့ ရှေးဟောင်းစာအုပ်အပုံများနဲ့ စွန့်ပစ်ထားတဲ့ ဆေးဖက်ဝင် နွေဦးရေချိုးခန်းလေးရှိသည်။ ဆေးဖက်ဝင်ရေသည် ခန္ဓာကိုယ်ကို နွေးထွေးစေသည့် အာနိသင်ရှိသည်။

စုန်ချင်ရှစ်သည် ဤနေရာတွင် ရေချိုးဖူးသော်လည်း နောက်ပိုင်းတွင် ရေချိုးခန်းမှာ အလွန်သေးငယ်သည်ကို တွေ့ရသောကြောင့် အခန်းအပြင်ဘက်တွင် ပိုကြီးသော ရေချိုးခန်းကို ပြန်လည်တည်ဆောက်ခဲ့သည်။ ထို့နောက် ဤနေရာကို စွန့်ပစ်ခဲ့သည်။ ယွဲ့ဝူဟွမ်က သူ့ကို သန့်ရှင်းရေးကူလုပ်ပေးရင်း မတော်တဆ တွေ့ရှိခဲ့တာပင်။ သူအသုံးမပြုတာ နှစ်ရာနှင့်ချီပြီဖြစ်တာကြောင့် ဆေးဘုရင်တောင်ကြားရှိ ဤလျှို့ဝှက်ခန်းအကြောင်းကို မည်သူမျှမသိခဲ့။

ဆေးဘုရင်ရှန်းကျွင်း၏ ထိခိုက်ဒဏ်ရာသည် ဆေးဘုရင်တောင်ကြား၏ဘေးကင်းမှုနှင့် စုန်ချင်ရှစ်၏အသက်အတွက်ပါ သက်ရောက်မှုရှိသောကြောင့် လျှို့ဝှက်ထားရပေမည်။

ဗီလိန်အားမှားယွင်းစွာကယ်တင်မိခြင်း {Mmtranslation} [Dropped]Where stories live. Discover now