Ch.(25) နှလုံးသားထဲမှနတ်ဆိုး

411 96 12
                                    

Unicode

ဒါလေးက ပြဲကွဲတဲ့ဒဏ်ရာသေးသေးလေးမို့ သည်းမခံနိုင်တာမဟုတ်ဘူး!

စုန်ချင်ရှစ်နှင့် အန်းလုံတို့သည် လူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ ဇီဝကမ္မဗေဒဆိုင်ရာ သန့်ရှင်းရေး၊ ဆေးပညာ၏ အူလမ်းကြောင်းဆိုင်ရာ၊ ပြဲကွဲဒဏ်ရာများနှင့် အခြားကိစ္စရပ်များကဲ့သို့သော ဆေးဘက်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ သူတို့၏ ဆွေးနွေးမှုသည် ပညာရပ်ဆိုင်ရာ ဆွေးနွေးငြင်းခုံမှုအဖြစ်သို့ အရှိန်အဟုန်ပြင်းစွာ ပြောင်းလဲသွားခဲ့သည်။ သူတို့ရဲ့ အချက်တွေကို ပြင်းပြင်းထန်ထန် ငြင်းခုံနေခဲ့ကြသည်။ သူတို့နှစ်ဦးလုံးသည် အမျိုးသားတစ်ဦးနှင့် လိင်မဆက်ဆံခဲ့ဖူးသော်လည်း စုန်ချင်ရှစ်တွင် ဆက်နွှယ်သော ကုသမှုကိစ္စတစ်ခုရှိခဲ့သည်။ သူ၏ ခွဲခြမ်းစိတ်ဖြာမှုသည် တရားမျှတပြီး သက်သေခိုင်မာလှသည်။ သို့သော်လည်း အန်းလုံသည် သူ၏သီအိုရီကို သက်သေပြရန် နည်းလမ်းမရှိသဖြင့် သူ၏ ငြင်းခုံမှုများကို အကြိမ်ကြိမ် ငြင်းဆိုခဲ့ပြီး အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရသည်။

အန်းလုံ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်။ "မသေမျိုးနယ်ပယ်မှာ ချစ်ကြိုက်နေတဲ့ လိင်တူ တာအိုတွဲဖက်တွေအများကြီးရှိတယ်လေ။ ဝမ့်ယွဲ့ရှန်ကျွင်းနဲ့ ဝူလင်းရှန်ကျွင်းတို့လိုပေါ့။ သူတို့က သစ္စာရှိပြီး မခွဲမခွာ ချစ်ခင်မြတ်နိုးကြတဲ့ စုံတွဲပဲ။ သူတို့နှစ်ယောက်က အရိပ်နဲ့ကိုယ်လို ခွဲလို့မရဘူး။ ဒါသာ တကယ်ကို နာကျင်တယ်ဆိုရင် ဝမ့်ယွဲ့ရှန်ကျွင်းက ဘယ်လိုလုပ် ကျေကျေနပ်နပ်ကြီး လက်ခံနိုင်မှာလဲ?"

စုန်ချင်ရှစ်က ပြန်ချေပသည်။ "ဝမ့်ယွဲ့ရှန်ကျွင်းက ဝူလင်းရှန်ကျွင်းကို ချစ်လို့တစ်ဖက်သားကို မခံစားစေချင်လို့နေမှာပေါ့"

အန်းလုံက ကူကယ်ရာမဲ့ "ဘာလို့ဒီလိုထင်ရတာလဲ?"

"ဒါငါထင်တာ" စုန်ချင်ရှစ်က လေးလေးနက်နက် ပြန်ဖြေသည်။ "ဒါလေးက ပြဲကွဲတဲ့ဒဏ်ရာသေးသေးလေးမို့ သည်းမခံနိုင်တာမဟုတ်ဘူး။ စစ်မှန်တဲ့ယောကျာ်းက သန်မာပြီး သူကြိုက်တဲ့လူကို ထိခိုက်နာကျင်ခွင့် ပြုမှာမဟုတ်ဘူးမလား?"

ဗီလိန်အားမှားယွင်းစွာကယ်တင်မိခြင်း {Mmtranslation} [Dropped]Where stories live. Discover now