Ch.(35) မိုးလှန်မြေလှန် / မိုးလှန်မြေလှန်

430 110 7
                                    

Unicode

အခုချိန်ကစပြီး ငွေကြေးကိုမင်းပဲ တာဝန်ယူလိုက်တော့။ မင်းငါ့ကို လစဉ်စရိတ်ပေးရင်ပဲ လုံလောက်ပါပြီ


ယွဲ့ဝူဟွမ်၏ အသစ်တည်ထားသောကျောင်းမှာ ဓာတ်ခွဲခန်းနှင့်အတော်အတန်ဝေးကွာသော မက်မွန်တောအုပ်ဘက်တွင်တည်ရှိသည်။ ၎င်းဘေးတွင် ကျောင်းသားများ အသုံးချနိုင်သည့် သေမျိုးနှင့် မသေမျိုးဘုံနှစ်ခုလုံးမှ အသုံးများသောဆေးအများစုကို သိုလှောင်ထားသည့် ကြီးမားသော ဆေးသိုလှောင်ရုံအသစ်ကြီးတစ်ခုရှိသည်။ အလွန်အဆိပ်ပြင်းသောဆေးဝါးများနှင့် အဖိုးတန်ဆေးဖက်ဝင်ပစ္စည်းများကိုတော့ မူလသိုလှောင်ရုံတွင် ထားရှိခဲ့ပြီး ယွဲ့ဝူဟွမ်၏ခွင့်ပြုချက်ရရှိမှသာ ထုတ်ယူနိုင်သည်။

ဘေးတွင် စာကြည့်တိုက်တစ်ခုရှိသည်။ အဆင့်နိမ့် ကျင့်ကြံရေးစာအုပ်များ၊ အခြေခံဆေးစာအုပ်များနှင့် အခြားသော အထွေထွေစာအုပ်များ အများအပြားရှိခဲ့သည်။ အရင်ကထက် စာအုပ်တွေအများကြီး ပိုများလာတဲ့အတွက် လွန်ခဲ့သည့် ဆယ်နှစ်တာကာလအတွင်း စုဆောင်းထားခဲ့တာဖြစ်လောက်ပေသည်။

စုန်ချင်ရှစ်သည် "ဝိညာဥ်မီးတောက်များ၏ ထူးဆန်းထွေလာပုံပြင်များမှတ်တမ်း" ၏ မိတ္တူကို ကိုင်ဆောင်ထားပြီး မထွက်ခွာချင်ခဲ့ပေ။

“ဒီမှာရှိတဲ့ စာအုပ်တွေအားလုံးကို ကျွန်တော် ရွေးထားတာ။ အကုန်လုံးက အရမ်းအန္တရာယ်မရှိတဲ့အပြင် တပည့်တွေအတွက်လည်း အခြေခံတွေလေ့လာဖို့ သင့်တော်ပါတယ်"  ယွဲ့ဝူဟွမ်ပြုံးပြီး စာအုပ်ကို သူ့ရင်ခွင်ထဲ ထည့်ပေးလိုက်ကာ ပြန်ယူသွားနိုင်ကြောင်း ညွှန်ပြသည်။ “သခင်က ဆေးနဲ့အဆိပ်တွေ နှစ်မျိုးလုံးမှာ ထူးချွန်ပေမယ့် တပည့်အားလုံးက ဒီနေရာမှာ သူတို့ကျွမ်းကျင်မှုကို နှစ်အနည်းငယ်လောက်ကြာအောင် မြှင့်တင်ထားဖို့လိုပြီး အဖိုးတန် ဆေးဖက်ဝင်ပစ္စည်းတွေနဲ့ အဆိပ်တွေကို မထိတွေ့ခင် သူတို့ရဲ့အကျင့်စရိုက်နဲ့ နေထိုင်ပုံကို စစ်ဆေးကြည့်ရအုံးမှာ"

စုန်ချင်ရှစ်က သဘောတူချက်ကြောင်း ဖော်ပြခဲ့သည်။ သူသည် ဆေးပညာကို သင်ကြားရာတွင် တွန့်တိုခြင်းမရှိသလို သူ့အဆိပ်စွမ်းရည်ကိုလည်း အန္တရာယ်ပြုလိုသူတွေအတွက် အသုံးမပြုစေချင်ပေ။ ယွဲ့ဝူဟွမ်သည် ဆေးဘုရင်တောင်ကြား၏ တပည့်များကို ဆေးပညာသင်ယူရန် စီစဉ်ပေးသော်လည်း အဆိပ်တော့မပါဝင်ခဲ့။ ထိုသည်မှာ အဆိပ်ကျွမ်းကျင်မှုကို သင်ကြားပေးရန် လိုအပ်သော်လည်း အလားအလာရှိသော ကျောင်းသားများကို တင်းကျပ်စွာ အကဲဖြတ်ပြီး ဖြည်းဖြည်းချင်း သင်ကြားပေးရန် လိုအပ်သည်ဟူသော သူ၏ယူဆချက်နှင့် ကိုက်ညီပေသည်။ အလွန်ပြင်းထန်သော ဆေးညွှန်းအချို့ကို​တော့ ယွဲ့ဝူဟွမ်မှလွဲ၍ ဘယ်သူ့ကိုမှ မသင်ပေးချင်ပါ။

ဗီလိန်အားမှားယွင်းစွာကယ်တင်မိခြင်း {Mmtranslation} [Dropped]Onde as histórias ganham vida. Descobre agora