Ch.(30) Happy Birthday

435 115 18
                                    

Unicode

မင်းကိုပေးချင်တယ် အရာအားလုံး ကို...

မနက်အစောကြီးမှာ စာငှက်က နဂါးနဲ့တူတဲ့ သားရဲကဆွဲလာတဲ့ သင်္ဘောနဲ့ ပြန်လာခဲ့သည်။

စုန်ချင်ရှစ် မသေမျိုးသားရဲဂိုဏ်းနှင့် သယ်ယူပို့ဆောင်ရေးစာချုပ် ချုပ်ဆိုခဲ့သည်။ ချင်းလွမ်နှင့် ကလေးများအားလုံး သင်္ဘောပေါ် လိုက်ပါလာကြောင်း အတည်ပြုပြီးနောက် သူသည် ဝိညာဥ်သားရဲအား ကောင်းကင်ထက်သို့ တက်သွားစေခဲ့သည်။ ဝေးကွာသွားသော ယန်ရှန်းဂိုဏ်းကို ငုံ့ကြည့်ရင်း သူ့လက်ထဲမှ ကြာနီမီးသည် တစ်ဖန် မီးတောက်လောင်ကာ ဤငရဲတွင်းကို လောင်ကျွမ်းစေခဲ့သည်။

မှော်သင်္ဘော၏အရှိန်သည် နှေးကွေးလှသည်။ ဆေးဘုရင်တောင်ကြားသို့ ရောက်ရန် သုံးရက်လောက်ကြာမည်ဖြစ်သည်။

စုန်ချင်ရှစ်သည် ယွဲ့ဝူဟွမ်ကို လွမ်းနေသောကြောင့် အိမ်ပြန်ချင်စိတ်လောပြီး ချင်လွမ်အား ဂရုတစိုက်ညွှန်ကြားချက် အနည်းငယ်ပေးကာ အရင်ပြန်သွားခဲ့သည်။

သူသည် လမ်းတစ်လျှောက် မြို့အနည်းငယ်တွင် ဆင်းသက်ခဲ့ပြီး ထိုနေရာတွင် အချိန်များစွာ ကုန်ဆုံးခဲ့သည်။ သူ အိမ်အမြန်ပြန်ခဲ့ပေမဲ့ ဆေးဘုရင်တောင်ကြားကို ပြန်ရောက်တော့ သန်းခေါင်ကျော်နေပြီပင်။ အချိန်ကို သူ ခန့်မှန်းလိုက်ကာ နောက်ကျသွားမည်ကို ကြောက်မိသည်။ ယွဲ့ဝူဟွမ်ကို အလျင်အမြန်သွားရှာသော်လည်း ယွဲ့ဝူဟွမ်က သူ့ရှေ့တွင် ပေါ်လာနေပြီဖြစ်ကြောင်း မြင်လိုက်ရသည်။

စုန်ချင်ရှစ် သက်ပြင်းချလိုက်သည်။ "မင်း အိပ်ပျော်နေပြီထင်တာ"

ယွဲ့ဝူဟွမ်က ပြုံးပြီးပြောသည်။ "သခင်ဒီနေ့ ပြန်လာမယ်ပြောထားတော့ ကျွန်တော် အိပ်မပျော်လို့ ဒီမှာစောင့်နေတာပါ"

“မင်း မအိပ်သေးတာ ကောင်းတယ်။ ငါနဲ့လိုက်ခဲ့" စုန်ချင်ရှစ်က သိပ်မတွေးခဲ့။ သူသည် သူ့(ယွဲ့ဝူဟွမ်)အား ဝိညာဉ်သားရဲပေါ်သို့ အလျင်အမြန်ဆွဲတင်ကာ လေထဲသို့ပျံတက်သွားကြသည်။

ယွဲ့ဝူဟွမ်သည် သူ့လုပ်ရပ်ကြောင့် အနည်းငယ် စိတ်ရှုပ်သွားသည်။ သူက “သခင်၊ ကြွက်တွေလည်း နေကောင်းပြီး အပြင်က ရွာတိုင်းလည်း အဆင်ပြေပါတယ်” ဟု နှစ်သိမ့်စကားဆိုလာသည်။

ဗီလိန်အားမှားယွင်းစွာကယ်တင်မိခြင်း {Mmtranslation} [Dropped]Where stories live. Discover now