Ch.(28) မြေအောက်ကြာနက်မီး /ေျမေအာက္ၾကာနက္မီး

450 101 5
                                    

Unicode

[ဝူဟွမ် ရှစ်ဖုကို အချစ်ဆုံးပဲ၊ ရှစ်ဖုအတွက် အရှက်ရအောင် မလုပ်ပါဘူး]


သူ၏သခင်သည် နေ့တိုင်း အိပ်ရာပေါ်တက်လာသောကြောင့် ယွဲ့ဝူဟွမ်မှာ တိုင်းတာမှုအမျိုးမျိုးကို တွေးတောနေခဲ့ရသည်...

ပထမဦးစွာ၊ ရာသီဥတုအေးပြီး ဗိုက်နာတတ်သည်လိုမျိုး အကြောင်းရင်းအမျိုးမျိုးကို အသုံးချ၍ တင်းတင်းကျပ်ကျပ် ပတ်ထားသည့် သာမန်အ၀တ်အစားများ ဝတ်ဆင်ရန် စုန်ချင်ရှစ်အား ချော့မော့ခဲ့သည်။ ဒုတိယအနေနဲ့၊ စုန်ချင်ရှစ် အိပ်ပျော်နေရင်း လှည့်လာတဲ့အခါ ညာဘက်လက်ကို ဦးစွာဆန့်ထုတ်လိုက်ပြီး ဖက်လုံးအဖြစ်အသုံးခံပေမည် သို့မဟုတ် တစ်ဖက်သူကို ကျောပေးကာ နောက်တစ်ဖက်သို့ လှည့်လိုက်မည်: ထိုသည်မှာ ထိတွေ့မှုအကြီးစားကြီးကို ရှောင်ရှားရန်ဖြစ်သည်။ နောက်ဆုံးအနေနဲ့၊ သူ၏ဆန္ဒကို ဖိနှိပ်ရန် ခံစားချက်ထိန်းချုပ်ကူနှင့် အလုပ်လုပ်ခဲ့ရသည်။ ဤနည်းဖြင့်သာ သူသည် ပုံမှန်အခြေအနေသို့ ခက်ခက်ခဲခဲ ရောက်ရှိခဲ့သည်။

ယွဲ့ဝူဟွမ်၏ အိပ်စက်ရေးမှာ ဆိုးရွားသော်လည်း စုန်ချင်ရှစ်အား အဝေးသို့ မောင်းထုတ်ရန် သို့မဟုတ် သူ့ဘေးတွင် ကုတင်ထပ်လုပ်ခိုင်းရန် မတွေးခဲ့ပါ။ စုန်ချင်ရှစ် အိပ်နေစဉ် သူ့အားနီးကပ်စွာ ပွေ့ဖက်ထားပုံသည် သူ၏စိတ်ကူးယဉ်ပုံစံနှင့် ဆင်တူနေသောကြောင့် ဖြစ်သည်။ ၎င်းသည် သူ့အား ပျော်ရွှင်စေပြီး အခြားသူသည်လည်း သူ့ကို သဘောကျကြောင်း ခံစားရစေကာ ဤကဲ့သို့ ချိုမြိန်သော ပျော်ရွှင်မှုမျိုးကို ပို၍ပင်နှစ်သက်သည်။

စုန်ချင်ရှစ်တွေးမိသည်၊ အပြစ်ကင်းစွာ အိပ်ပျော်နေတဲ့ လူနှစ်ယောက်ကြားမှာ ဘယ်မှာလဲပြဿနာ? မူလတန်းကျောင်းတက်တုန်းက နွေရာသီအားလပ်ရက်တွေမှာ သူ့ဝမ်းကွဲတွေနဲ့ အတူအိပ်လေ့ရှိသည်။ အငယ်တန်း အထက်တန်းကျောင်းတွင် နိုင်ငံခြားသို့သွားသောအခါတွင်လည်း နှစ်ယောက်ခန်းကို ဘွတ်ကင်မတင်နိုင်ခဲ့သောကြောင့် စီနီယာအစ်ကိုနှင့်အတူ နှစ်ထပ်ကုတင်တစ်လုံးတွင် အိပ်ခဲ့သည်။ နားမလည်နိုင်စွာ ရိုက်နှက်ခံရပြီး နောက်တစ်နေ့တွင် ဆိုဖာပေါ်တွင် အိပ်ရန် နှင်ထုတ်ခံခဲ့ရသော်လည်း၊ သူသည် ယောက်ျားများနှင့် အတူအိပ်ခြင်း၌ အတွေ့အကြုံများစွာရှိခဲ့သည်။ ပြဿနာဆိုတာ လုံးဝမရှိခဲ့!

ဗီလိန်အားမှားယွင်းစွာကယ်တင်မိခြင်း {Mmtranslation} [Dropped]Where stories live. Discover now