အတွဲ(2) Ch.(33) ဆယ်နှစ်တာအိမ်မက်

418 98 5
                                    

Unicode

အတွဲ(2) ရူးသွပ်မှု
နွယ်ပင်တွေက စုန်ချင်ရှစ်ခြေထောက်ကို ပတ်ပြီး ကလေးလိုပြုမူနေတယ်တဲ့။

(ပူတင်း အလည်ပတ်ကောင်းနေလို့ အခုမှပြန်ရောက်လို့ အပြးအလွှားတင်လိုက်တဲ့အတွက် စာသေချာမစစ်ရသေးပါ။ အမှားပါရင် ခွင့်လွှတ်ကြပါ🙏)

စုန်ချင်ရှစ်သည် တီရှပ်နှင့် ဂျင်းဘောင်းဘီကို ၀တ်ဆင်ထားပြီး အဆုံးမဲ့တိမ်တိုက်များပေါ်တွင် လမ်းလျှောက်နေလေသည်။ သူနေရာတိုင်းကို လှည့်ပတ်ကြည့်သည်။ တစ်ခုခုရှာနေမှန်း သူသိပေမယ့် ဘယ်လိုပုံစံလဲဆိုတာ မမှတ်မိတော့ပေ။ ကောင်းကင်မှ အတောက်ပဆုံး အလင်းရောင်ကိုသာ သူမှတ်မိနေခဲ့သည်။

သူရှေ့သို့ လှမ်း၍ လိုက်ရှာ၏။ တိမ်တွေရဲ့အဆုံးမရှိတဲ့ ဒီလမ်းမှာ ပင်ပန်းနွမ်းနယ်ကာ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် လဲကျသွားရင်တောင်၊ သူ့ခန္ဓာကိုယ်က ပင်ပန်းလွန်းလို့ မလှုပ်နိုင်တော့ဘဲ တွားသွားရုံနဲ့သာ ရှေ့ကိုဆက်လျှောက်ရရင်တောင် သူ့ခြေလှမ်းတွေကို မရပ်တန့်ချင်သေး...

တိမ်တွေသွားရာလမ်းပေါ်မှာ နောက်တစ်ယောက်ပေါ်လာသည်။ ထိုသူသည် နှင်းဖြူအင်္ကျီအလွှာပေါ်တွင် အထပ်ထပ် ၀တ်ဆင်ထားပြီး ရှည်လျားလှသော ဆံပင်များက မြေပြင်ပေါ်သို့ လိမ့်ကျနေသည်။ တူညီသောမျက်နှာ၊ တူညီသောအအေးဓာတ်နဲ့ သူ့မျက်လုံးများကို လေးနက်လှသည့်စာအုပ်များဖြင့် နှိုင်းယှဉ်နိုင်ပြီး မည်သည့်ခံစားချက်ကိုမျှ နားမလည်နိုင်ပေ။

ဘာလို့ဆို သူ့နှလုံးသားက ဗလာကြီးသက်သက်ပဲ၊ ဘာမှမရှိဘူးလေ။

စုန်ချင်ရှစ် ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားသည်။ သူရှေ့သို့ ဖြည်းညှင်းစွာ လှမ်းတက်ကာ သူ့နှလုံးသားကို ထုတ်ပြီး ဖြည်းဖြည်းချင်း ထည့်ပေးလိုက်သည်။

နှလုံးသားနှင့် ခန္ဓာကိုယ် ပေါင်းစည်းလိုက်သောအခါ၊ စိတ်ဝိညာဉ်နှစ်ခုသည် မရေမတွက်နိုင်သော အလင်းအမှုန်အမွှားများအဖြစ်သို့ ကွဲထွက်သွားသည်။ အပြန်အလှန် ရောယှက်သွားပြီး တစ်ယောက်နဲ့တစ်ယောက် ချို့ယွင်းချက်တွေကို ပြုပြင်ကြသည်။ ထိုအချိန်မှစ၍ နှလုံးသားသည် ကိုယ်ပိုင်နေရာနှင့် ခန္ဓာကိုယ်မှ ၎င်း၏ပျောက်ဆုံးနေသောခံစားချက်များကို တွေ့ရှိခဲ့သည်။ ပျောက်ဆုံးနေသော ရုပ်ဆက်ပဟေဠိအစိတ်အပိုင်းနှစ်ခု ပြန်လည်ပေါင်းစပ်သွားပြီး အရောင်များ ထပ်ထည့်ရန် စောင့်ဆိုင်းနေသည့် အလွတ်ရုပ်ပုံလွှာတစ်ခု ဖြစ်လာခဲ့သည်။

ဗီလိန်အားမှားယွင်းစွာကယ်တင်မိခြင်း {Mmtranslation} [Dropped]Where stories live. Discover now