487 113 4
Unicode
“မင်းပြောစရာရှိရင် ဖြည်းဖြည်းချင်း ဆွေးနွေးကြရအောင်။ ငါမင်းနဲ့ အခုမတိုက်ချင်သေးဘူး"
ညစ်ပတ်သော ကြွက်များ၊ မြုံသောကြွက်များ၊ သန့်ရှင်းသော ကြွက်များ….
ကြွက်မွေးမြူသည့်အခန်းကို ယခုအခါ ရှစ်ခန်းအထိ တိုးချဲ့ထားပြီး သားဖောက်လမ်းညွှန်ချက်နှင့်အညီ ကြွက်ထောင်ပေါင်းများစွာကို သားဖောက်ထားသည်။ ယခုအခါ ၎င်းတို့သည် တိကျသော ရောဂပစ္စယ သားဖောက်ကြွက်များအဖြစ်သို့ ချက်ချင်း ကူးပြောင်းနိုင်ပြီဖြစ်သည်။ ဓာတ်ခွဲခန်းထဲမှာ၊ ရန်ပုံငွေမရှိသေးတာကြောင့် စိတ်ကြိက်မပြုပြင်နိုင်ခဲ့တဲ့ ပစ္စည်းအမျိုးအစားပေါင်းများစွာလည်းရှိသည်။ ဆေးဖက်ဝင်ပစ္စည်းများကို ပြန်လည်ဖြည့်တင်းထားတာကြောင့် ရပ်တန့်ထားသော သုတေသနများစွာကို ယခုဆက်လက်လုပ်ဆောင်နိုင်ပြီဖြစ်သည်။
ဤကောင်းချီးများသည် လျင်မြန်စွာနှင့် ရုတ်တရက် ရောက်လာသည်။ သူအိပ်ပျော်သွားသည်နှင့် နိုးလာသောအခါ သူ့တွင် အရာအားလုံးရှိနေပြီပင်။
စုန်ချင်ရှစ် ကြွက်ဖြူလှောင်အိမ်တွေကို ကြည့်ပြီး သူ့နှလုံးခုန်နှုန်းတွေ မြန်ဆန်နေသည်ဟု ခံစားရသည်။ သူ၏စိတ်လှုပ်ရှားမှုကို ဖော်ပြလိုသောကြောင့် ယွဲ့ဝူဟွမ်၏ အင်္ကျီလက်ကို ဆွဲလိုက်ပေမယ့် သူ့ဗိုက်ထဲက စကားလုံးတွေက ဖက်ထုပ်တွေ ပြည့်နေတဲ့ ရေနွေးအိုးလိုပါပဲ၊ သူပိုစိုးရိမ်လေ၊ မထုတ်ပြောနိုင်လေ။ သူ့ရဲ့ဒီမိုက်မဲတဲ့ပါးစပ်လေးကြောင့် မျက်ရည်ကျလုမတတ်။ အချိန်အတော်ကြာ တောင့်ခံပြီးနောက် နောက်ဆုံးတွင် “မင်းအရမ်းတော်တယ်။ ကျေးဇူးတင်ပါတယ်"
ဒီလိုအရမ်းကောင်းတဲ့ နတ်သားလေးတစ်ပါးနဲ့ တွေ့ဆုံရတာဟာ သူ့ဘဝသုံးပါးအတွက် တကယ့်ကို ကောင်းချီးပါပဲ။
စမတ်ကျပြီး လှတယ်၊ ကြင်နာပြီး ချစ်ဖို့ကောင်းတယ်၊ စာနာတတ်ပြီး နူးညံ့တယ်...
နောက်ပိုင်းတွင် ဤအရာအားလုံးကို မှတ်စုစာအုပ်လေးတွင် ချရေးပြီး သူမည်မျှကံကောင်းကြောင်း သူ့ကိုယ်သူ သတိရစေရန် တစ်နေ့လျှင် သုံးကြိမ်ဖတ်ရမည်ပင်။
ဗီလိန်အားမှားယွင်းစွာကယ်တင်မိခြင်း {Mmtranslation} [Dropped]Where stories live. Discover now