Ch.(38) အဆိပ်သက်ရောက်မှု /အဆိပ္သက္ေရာက္မႈ

1.3K 138 43
                                    

Unicode

သူက ခွေးယောင်ဆောင်ချင်တဲ့ ဝံပုလွေတစ်ကောင်ပဲ။


အန်းလုံ လွှတ်လိုက်ပြီး ကောင်းကင်အတိဒုက္ခအကြောင်း သူ့ကိုစေ့စေ့စပ်စပ် မေးခွန်းထုတ်လာတော့သည်။

စုန်ချင်ရှစ်လည်း အလွန်စိတ်ဓာတ်ကျသွားသည်။ "ငါမသိဘူး၊ လျှပ်စီးကြောင်းက ရုတ်တရက်ကြီးရောက်လာတာ"

“ကောင်းကင်ဘုံနိယာမကို ချိုးဖောက်တဲ့ သုတေသနတစ်ခုခုများ မင်းလုပ်ဖူးလား? ဒါမှမဟုတ် သဘာဝတရားကြီးကို ဆန့်ကျင်တဲ့ဆေးတွေများ တီထွင်ခဲ့တာလား? ရန်သူကိုများ မှားပြီး လုပ်ကြံမိတာလား?” အန်းလုံ ဤကိစ္စနှင့်ပတ်သက်ပြီး မရေမတွက်နိုင်သော ဖြစ်နိုင်ခြေမျိုးစုံကို စဉ်းစားကြည့်သော်လည်း ​​ဘယ်လိုပဲဖြစ်နေနေ ယွဲ့ဝူဟွမ်လို အခြေခံအုတ်မြစ်အဆင့် တစ်ယောက်က ဒီလိုကောင်းကင်ဘုံအတိဒုက္ခကို ကြုံတွေ့နိုင်မယ်လို့ တစ်ခါမှမတွေးဖူးပါ။ ဒါ့အပြင်၊ သူ့စုံစမ်းစစ်ဆေးမှုတွေအရဆို မိုးကြိုးအတိဒုက္ခက အခြေတည်ဝိညာဥ်အဆင့်တက်ဖို့အတွက် ရည်ရွယ်ထားတဲ့ စွမ်းအားနဲ့ညီမျှပါတယ်။ အဲ့ဒါကြောင့် ဒီအိုးက စုန်ချင်ရှစ်အပေါ်ပဲ ကျနိုင်တော့သည်။ "မဟုတ်မှမင်း ဖန်ရှန်းအဆင့်တက်ဖို့များ ကြိုးစားနေတာလား?"

စုန်ချင်ရှစ်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။ "ဘယ်ကလာ! အမှားလုပ်မိတာ ကောင်းကင်ဘုံပဲ!”

တိကျသေချာသော သိပ္ပံသုတေသီတစ်ဦးအနေဖြင့် ဤကိစ္စမှာ ယွဲ့ဝူဟွမ်နှင့်ပတ်သက်သည်ဟု သူတော့လုံးဝမထင်။ ကျင်းဖေးရမ်နဲ့ ရှဲ့ချွယ်လို အမှိုက်ကောင်တွေတောင် ကောင်းကင်ဘုံရဲ့ အမျက်ဒေါသနဲ့ မတွေ့ခဲ့ကြ။ ယွဲ့ဝူဟွမ်က သေမျိုးသာသာပဲဟာ၊ ကြင်နာပြီး နူးညံ့တယ်။ ဘယ်လိုလုပ်ကောင်းကင်ဘုံရဲ့ အပြစ်ပေးတာခံရမှာလဲ? ဒီမိုးကြိုးအတိဒုက္ခက တိုက်ဆိုင်မှုသက်သက်ပဲ ဖြစ်ရမယ်!

သူစဉ်းစားကြည့်လိုက်သည်။ “မဟုတ်ရင် နတ်ဆိုးကျင့်ကြံသူတစ်ယောက်ယောက် အတိဒုက္ခမှာ ကျရှုံးသွားပြီး အသက်ငှားပညာနဲ့ ငါ့ဆီကို မိုးကြိုးအတိဒုက္ခ ပို့လိုက်တာဖြစ်နိုင်တယ်"

You've reached the end of published parts.

⏰ Last updated: Jan 08, 2023 ⏰

Add this story to your Library to get notified about new parts!

ဗီလိန်အားမှားယွင်းစွာကယ်တင်မိခြင်း {Mmtranslation} [Dropped]Where stories live. Discover now