Ch.(27) လူနာစောင့် / လူနာေစာင့္

478 117 6
                                    

Unicode

သူ၏ ကျင့်ကြံရန်လမ်းစမှာ သည်းခံစိတ်စမ်းသပ်မှုတစ်ခု လိုအပ်ပေလောက်မည်။


ယွဲ့ဝူဟွမ် ၏ဓားပညာသည် ပို၍ ဆန်းသစ်လာသည်။

ကျင့်ကြံရေးဟာလည်း သူ့အတွက် ဘယ်တုန်းကမှ မခက်ခဲခဲ့။ ကျင့်ကြံရေးနှင့်ပတ်သက်သည့် လျှို့ဝှက်လမ်းညွှန်ချက်များကို တစ်ချက်ကြည့်ရုံမျှဖြင့် နားလည်နိုင်သည်။ သူ၏ခန္ဓာကိုယ်တွင်း ဝိညာဉ်စွမ်းအား စီးဆင်းမှုသည် အသက်ရှုခြင်းကဲ့သို့ပင် သဘာဝကျသည်။ သူသည် မွေးရာပါ ကျင့်ကြံသူ တစ်ဦးဖြစ်သော်လည်း အားနည်းသောဝိညာဥ်ကြောများနှင့် သေမျိုး ဒန်ထျန်းကြားတွင် ပိတ်မိနေခဲ့သည်။ သူ၏ချုပ်နှောင်မှုကို ဖြတ်ကျော်ရန်အတွက် သာမန်ကျင့်ကြံနည်းများကို အားကိုးရန်မှာ ခက်ခဲလှသည်။ ထို့ကြောင့် သူသည် အထွဍ်အထိပ်သို့ရောက်ရန် ဓားလမ်းကို အသုံးပြုရန် ရွေးချယ်ခဲ့၏။

စိတ်ကူးယဉ်ထဲက အရာတွေက သူ့စိတ်ထဲမှာ ကွက်ကွက်ကွင်းကွင်း ရှိနေသေးသည်။

စိတ်ငြိမ်သွားပြီးနောက်တွင် သူ၏စိတ်ကူးယဉ်ထဲမှ ဓားရေးပညာသည် အကြိမ်ပေါင်းမရေမတွက်နိုင်အောင် လေ့ကျင့်ထားသကဲ့သို့ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုလို ဖြစ်သွားပြီဖြစ်ကြောင်း ရုတ်တရက် သိလိုက်ရသည်။ သူ့ဓားကို ဘေးတိုက်ထိုးကာ ကြည့်လိုက်သည်။ ဤရိုးရှင်းသောဓားရေးပညာသည် မသေမျိုးနယ်ပယ်တွင်အသုံးများသော အကာအကွယ်မှော်လက်နက်သုံးမျိုးကိုပင် ချိုးဖျက်နိုင်သည်။ ၎င်းသည် နှလုံးသားကို ထိုးဖောက်ပြီး အောက်ဖက်ကိုပင် ဆက်ဆင်းသွားနိုင်သည်....သူ ဓားကိုတစ်ခါမှ မသုံးဖူးပေမယ့် သူကိုယ်တိုင်ကြုံဖူးသလို ဘာလို့ နားလည်နေရတာလဲ?

စိတ်ကူးကူသည် ထိုသို့သောအကျိုးသက်ရောက်မှုမျိုးမရှိနိုင်ပါ၊ သို့မဟုတ်ပါက ၎င်းသည် ကစားစရာမဟုတ်ဘဲ ကမ္ဘာ့အထူးဆန်းဆုံး ကူဖြစ်လာလိမ့်မည်။

ယွဲ့ဝူဟွမ်က ဓားကိုင်ထားတဲ့ သူ့လက်ကို စိုက်ကြည့်နေသည်။ ဒီပဟေဠိကို ဆက်တွေးချင်ပေမယ့် သူ့ခေါင်းက ရုတ်တရက် နာကျင်မှုတွေနဲ့ ပြည့်နှက်လာသည်။ ဤမေးခွန်း၏ အဖြေကိုသံကြိုးအလွှာလွှာဖြင့် ချည်နှောင်ထားသလို တိမ်မြုပ်နေသော နက်နဲသောစွမ်းအားအချို့သည် ဖိနှိပ်ချုပ်ချယ်ရန် ကြိုးပမ်းနေပုံ​ပေါ်သည်။ ဒီအဖြေကို ပေးဖို့ငြင်းဆန်ပြီး သူ့စိတ်ထဲကနေ အဖြေကိုလုံးဝ ဖယ်ထုတ်ပစ်လိုက်သည်။ ၎င်းသည် ယုတ္တိမဆန်သည့်ပုံစံနှင့် နိဂုံးချုပ်ရသည်အထိ သူ့အတွေးများကို အတင်းအကျပ်ပြောင်းလဲစေခဲ့သည်။

ဗီလိန်အားမှားယွင်းစွာကယ်တင်မိခြင်း {Mmtranslation} [Dropped]Where stories live. Discover now