Ch.(24) စိတ်ပိုင်းဆိုင်ရာကျန်းမာရေး

482 110 4
                                    

Unicode

"မင်း ယောက်ျားအချင်းချင်း လိင်ဆက်ဆံတာကို နားလည်လား?"

ယွဲ့ဝူဟွမ်၏ ကျန်းမာရေးအခြေအနေ ပြန်ထလာသည်မှာ ရုတ်ချည်းဆန်လွန်းသည်။ အခြေအနေကို ထိန်းချုပ်ရန် နည်းလမ်းမရှိ​။

စုန်ချင်ရှစ်သည် သူ့အား သတိလစ်သွားစေရန် ရွှေအပ်တစ်ချောင်းကို အသုံးပြုရန်မှတပါး ရွေးချယ်စရာမရှိပေ။

တစ်နှစ်ခွဲကျော်ကြာအောင် ကုသရန် အလွန်အမင်း ကြိုးစားလုပ်ဆောင်ခဲ့သော လူနာ၏ အခြေအနေသည် ရုတ်တရက် ဆိုးရွားလာသောကြောင့် သူသည် ကူကယ်ရာမဲ့စွာသာ ကြည့်နေနိုင်သည်။ သူ့ရဲ့ ကြိုးစားအားထုတ်မှု အားလုံးဟာ တဖျပ်ဖျပ် ပျောက်ကွယ်သွားခဲ့သည်။ စုန်ချင်ရှစ်သည် ကြွက်များအားလုံး လုံးဝရှင်းထုတ်ပြီးသောအခါ ဓာတ်ခွဲခန်းနေ့ရက်များသို့ ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။ စိုးထိတ်ပြီး ငိုချင်သော်လည်း အခုတော့ မငိုနိုင်သေး။

ဆေးသုတေသနလမ်းစဥ်တွင် ကျရှုံးမှုသည် အများဆုံးဖြစ်ပြီး အောင်မြင်မှုသည် ကံတရားသာဖြစ်သည်။

စုန်ချင်ရှစ်သည် ကျရှုံးမှုတွင် အတွေ့အကြုံများစွာရှိခဲ့ပြီး တွန်းအားမှန်သမျှကို ရင်ဆိုင်နိုင်လောက်အောင်ပင်။ ယခုလုပ်ရမည့်အရာမှာ မတ်တပ်ရပ်၊ အပိုင်းအစများကိုစီရီ၊ အမှားများကို ရှာဖွေကာ ကုသမှုအစီအစဉ်အသစ်ဖြင့် စတင်ရန်ဖြစ်သည်။

သူ ယွဲ့ဝူဟွမ်ရဲ့ ခန္ဓာကိုယ်ကို သေချာစစ်ဆေးခဲ့သည်။ သူသည် ဤဘေးအန္တရာယ်၏ တရားခံဖြစ်သော စိတ်ကူးကူကို ကိုဆွဲထုတ်လိုက်မိသည်။ သို့သော်၊ ဤအရာက သူ့ကို ရှုပ်ထွေးမှုအသစ်တစ်ခုထဲသို့ ကျရောက်စေခဲ့သည်။ ဆေးကုသခြင်းနှင့် အဆိပ်ထုတ်ခြင်းများတွင် အသုံးပြုနိုင်သည့် ကူနည်းပညာများစွာရှိသည်။ စုန်ချင်ရှစ်နဲ့ အန်းလုံတို့ဟာ တစ်ယောက်ကိုတစ်ယောက် နှစ်ရာနဲ့ချီ သိခဲ့ကြပြီး နက်နဲတဲ့ ချစ်ကြည်ရင်းနှီးမှု ရှိခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် အသိပညာနှင့် အရင်းအမြစ်များကို မကြာခဏ ဖလှယ်လေ့ရှိသည်။ ထို့ကြောင့်၊ သူသည် ကူအင်းဆက်များအကြောင်းကို အတော်လေး တတ်ကျွမ်းပြီး အနောက်သစ်တောရှိ ကူအများစု၏ အကျိုးသက်ရောက်မှုနှင့် စွမ်းရည်များကိုပင် သိရှိခဲ့သည်။

ဗီလိန်အားမှားယွင်းစွာကယ်တင်မိခြင်း {Mmtranslation} [Dropped]Where stories live. Discover now