416 111 9
Unicode
မင်းကိုနှစ်တိုင်း အဖော်ပြုပေးမယ်!
ပထမဆုံး မွေးနေ့ပွဲက အရမ်းမြန်ဆန်လွန်းလှသည်။
စုန်ချင်ရှစ် ရှက်ရွံ့သွားသည်။ အရင်က သူ့မွေးနေ့ပွဲကို ကျင်းပတုန်းက အိမ်မှာ ကြီးကျယ်ခမ်းနားတဲ့ မိသားစုပါတီပွဲကြီး ကျင်းပဖူးသည်။ မွေးနေ့ ကိတ်မုန့်၊ ချောကလက် အချိုပွဲသုံးလွှာနှင့် နိုင်ငံခြားမှ သယ်ဆောင်လာသော လက်ဆောင်များ တောင်ကြီးကဲ့သို့ပင် စုပုံနေသည်။ အထူးသဖြင့် သူ့အစ်မက သူ့ကိုအချိန်တိုင်း လက်ဆောင်တွေ အများကြီးပေးရတာကို ကြိုက်သည်။ ကွန်ပျူတာနှင့် ဒီဇိုင်နာအဝတ်အစားများမှ ဆေးဘက်ဆိုင်ရာကိရိယာများအထိ လက်ဆောင် အများအပြားရရှိခဲ့သည်။ သူ့အမေက သူ့အတွက် အထူးဖျော်ဖြေပွဲတွေ နှစ်စဉ်ကျင်းပပေးပြီး သူ့အဖေကလည်း သူ့နာမည်နဲ့ အလှူလုပ်ရတာကို သဘောကျပေသည်။ ဖခင်ဖြစ်သူက မွေးနေ့လက်ဆောင်အဖြစ် ကျောင်းအတွက် ဓာတ်ခွဲခန်းတစ်ဆောင်တောင် လှူခဲ့ပါသေးသည်။ အိမ်မှ စားဖိုမှူးကလည်း သူ့အတွက် အသက်ရှည်ခေါက်ဆွဲ လုပ်ပေးသည်၊ ဘဏ္ဍာစိုးကလည်း သူကိုယ်တိုင် လုပ်ထားတဲ့ အရုပ်တွေကို ပေးသည်၊ အစေခံတွေက သူ့အတွက် ချစ်စရာ မိတ်ဆက်ကတ်လေးတွေ ဆွဲပေးကြသည်။ မနှစ်တုန်းက ဆေးရုံမှာအိပ်ယာထဲ လှဲနေချိန်မှာတောင် သူ့ရဲ့မွေးနေ့ပွဲက အခုယွဲ့ဝူဟွမ်ထက် အဆတစ်ရာ ပိုကောင်းပါသေးသည်။
ကိတ်မုန့်မရှိ၊ အစားအသောက်မရှိ၊ မိတ်ဆက်ကတ်မရှိ၊ တန်ဖိုးကြီးလက်ဆောင်များ မရှိ...
Acacia Sealကိုဖယ်ရှားရန် ဝိညာဥ်အားလုံး၏ အနှစ်သာရကို အသုံးပြုခြင်းသည် အစောပိုင်းတွင် ဆွေးနွေးထားပြီးဖြစ်သည်။ ရှဲ့ချွယ်၏ စိတ်ဝိညာဉ်သည်လည်း ရုပ်ဆိုးပြီး ရွံရှာဖွယ်ကောင်းလှသည်။ လက်ဆောင်ပေးဖို့ မထိုက်တန်ပေ။ သစ်သားသေတ္တာတွင် မူလက ဝူဟွမ်၏ ကျောက်မျက်အချို့လည်း ပါရှိသည်။ သေမျိုးကမ္ဘာမှ ကျောက်မျက်များကို မသေမျိုးနယ်ပယ်တွင် အဖိုးတန်သည်ဟု မယူဆနိုင်ပါ။ ၎င်းတို့ကို ကလေးကစားစရာများအဖြစ်သာ မှတ်ယူနိုင်သည်။
ဗီလိန်အားမှားယွင်းစွာကယ်တင်မိခြင်း {Mmtranslation} [Dropped]Där berättelser lever. Upptäck nu