အခန်း ၂၄

3.8K 376 26
                                    

" အို မမမြိုင် ။ ဆင်းရင်လည်းဆင်းခဲ့ပါတော့လား ။ ကျွန်မ မမမြိုင်ကို မော့ကြည့်နေရတာ ဇက်လန်ကျတော့မယ် ။ "

ရွဲ့သလို ခနဲ့သလို လေသံမျိုးကြောင့် မြိုင်သည် ညိုလေးအား ပို၍ကြည့်မရဖြစ်ခဲ့သည် ။ အသံတိတ်မျက်စောင်းလက်နက်ကို ထုတ်သုံးလိုက်ပြီး စာအုပ်ကိုသာ ဆက်ဖတ်နေပြန်တော့သည် ။

" အို မမမြိုင် ။ တယ်လည်း ခက်ပါလားနော် ။ "

" နားကိုငြီးနေတာပဲ ။ မင်း ပါးစပ်ပေါက်ကိုပိတ်ပြီး အဲ့သည့်နေရာမှာ အေးဆေးထိုင်နေပလား ။ ဟွန့် ။ "

" ကောင်းပြီ ။ ကျွန်မ ထိုင်စောင့်နေမယ် ။ "

ညိုလေးသည် ပက်လက်ကုလားထိုင်ခုံပေါ်၌ ထိုင်ဖို့ ဟန်ပြင်ချိန် မြိုင်ဟာ ချောင်းတစ်ချက်ဟန့်လိုက်တော့သည်ကြောင့် ညိုလေးမှာ တုန့်ခနဲရပ်တန့်သွားရတော့သည် ။

" အဟမ်း ။ အဲ့တာဘာလုပ်တာလဲ ။ "

" ထိုင်မလို့လေ ။ မမမြိုင်ပဲ ထိုင်နေဆို ။ "

" အလိုတော် တင်တင်စီးစီး ။ အဲ့တာ တို့ ကုလားထိုင်လေ ။ မင်းက ရာရာစစနဲ့ ထိုင်ဖို့စိတ်ကူးရသလား ။ "

" အို မမမြိုင်ကလည်း ။ ထိုင်ဖို့လုပ်ထားတာကို ထိုင်မှာပေါ့ ။ ကျွန်မ မှားသလား ။ "

" မှားတယ် ။ "

" မမှားပါဘူးနော် ။ "

" မလိုချင်ဘူး ။ မင်း ထိုင်ချင်သပဆို မြက်ခင်းပေါ်မှာ ထိုင် ။ "

" အို မမမြိုင် ။ ထဘီကို အညစ်ပေကုန်မှာပေါ့လို့ ။ "

" ဖိနပ်ခုထိုင်ပေါ့ ။ "

မမမြိုင်ရဲ့အပြောကြောင့် ညိုလေးမှာ ခံရခက်သွားသည် ။ အနည်းငယ်မျှ မျက်နှာပျက်သွားပေမယ့်လို့ မြိုင့်သဘောအတိုင်း အကြိုက်ဆောင်ပေးမိသည် ။ ကိုမြင့်မောင်ရဲ့ ဇနီးတစ်ယောက်ဖြစ်တဲ့ သူမကိုယ်တိုင်ပါ မြိုင့်ရဲ့အမိန့်ကို မလွန်ဆန်နိုင် ။ မြိုင် ခိုင်းတဲ့အလုပ် ၊ မြိုင် ပေးတဲ့အမိန့်ဆို သူမရဲ့စိတ်မှ အလိုလိုကို ပျော်ရွှင်စွာ နာခံမိသည် ။ သို့ပေသည့် သူမ ကိုယ်တိုင်အား ထိုဖြစ်ရပ်ကို နားလည်ခြင်း မရှိသေးပါပေ ။

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now