Intro:The Red Eye

6.9K 383 14
                                    

Darusleyမြို့...။

ဆိပ်ကမ်းမြို့ငယ်လေးတစ်မြို့ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သောကြောင့် ကုန်စည်ရောင်းဝယ်ဖောက်ကားခြင်းလုပ်ငန်းများအထူးဖြစ်ထွန်းသည်။

Darusley...ဟူ၍ကြားလိုက်သည်နှင့် လူပြောများသည့်မြို့စွန်က အိမ်အိုကြီး ရာဇဝင်ကမပါမဖြစ်။

Darusleyမြို့အစွန် တောင်ကုန်းမြင့်ပေါ်ရှိ ကြေးနီရောင် အိမ်အိုကြီးတစ်လုံး...။

"Windamia"စံအိမ်။

ကုန်းမြင့်ပေါ်၌ အိမ်အိုကြီးက ထီးထီးမားမားတည်ရှိနေပြီး

အိမ်အိုကြီး၏ အရှေ့ဘက်၌ အိုဟောင်းနေသောဘုရားကျောင်းရှိပြီး အိမ်ကြီး၏အနောက်ဘက်၌ ဒေစီပန်းခင်းကြီးရှိသည်။

စံအိမ်တော်ကို Jeonမျိုးရိုးကအစဥ်အဆက်ထိန်းသိမ်းလာခဲ့သည်မှာ လွန်ခဲ့သည့်နှစ်ပေါင်းများစွာကပင်။

Jeonမျိုးရိုး၏နောက်ဆုံးမျိုးဆက်ဖြစ်သော Jeonသခင်ကြီးလက်ထက်...။

မျိုးရိုးအစဥ်ဆက်အလုပ်ကျွေးပြုလာသည့်အစေပါးပေါင်းများစွာရှိပြီး စံအိမ်ထဲကို သူစိမ်းအဝင်မခံ။

Jeonသခင်ကြီးဆိုသူကိုလည်းမြင်ဖူးသူမရှိ။

တချို့သောသူများက Jeonသခင်ကြီးသည် ဖြူစွတ်သောအသားအရေနှင့် သွေးနီရောင်မျက်မျက်ဆန်များရှိသည်ဟူ၍ ဆိုကြပြန်သေးသည်။

Jeonမျိူးရိုးအစဥ်ဆက်ရဲ့သေဆုံးသူများအား စံအိမ်၏ ခြံဝန်းအတွင်း၌ပင် အုတ်သင်္ချိုင်းဖြင့်ဂူသွင်းထားလျက်ရှိပြီး

လပြည့်နေ့ညသန်းခေါင်ယံအချိန်၌ ထိုစံအိမ်တော်ရှ်ိ မကျွတ်မလွတ်ဝိဥာဥ်များမှာ လမ်းထလျှောက်ကြသည်ဟူ၍ ဆိုရိုးစကားလည်းရှိသေးသည်။

နေဝင်ရီတရောအချိန်၌ စံအိမ်ကြီးဘက်သို့မည်သူမျှ ခြေဦးမလှည့်ရဲကြ။

တစ်ခါတစ်ရံ ခြံအနောက်ဘက် ဒေစီပန်းခင်းထဲ၌ အနီရောင်မျက်ဆန်တွေနှင့်လူကိုတွေ့ရှိရကြောင်းဆိုကြသေးသည်။

Darusley၌ ပျံ့နေသည့်ကောလဟာလက Jeonသခင်ကြီးသည် လူသားမဟုတ်။
​vampireတစ်ကောင်ဖြစ်သည်ဟူ၍။

The Daisy Diary(Red Eye Of Darkness)Where stories live. Discover now