"ဒေစီငယ်...မောင့်ဒေစီငယ်....မောင်က မင်းကိုဒီစံအိမ်ကြီးထဲမှာ အမြဲစောင့်နေမယ်..."
အမှောင်ထုထဲကထွက်ပေါ်လာသည့်ပြတ်တောက်တောက်အသံလှိုင်းတွေ...။
နန်းတော်တမျှခမ်းနားလှပါသော စံအိမ်ကြီး...။
Daisyပန်းခင်းထဲက ပြေးလွှားနေသည့် ကျောပြင်နှစ်ခု၏ ဝိုးတဝါးပုံရိပ်..။
သွေးစွန်းနေခဲ့သော Daisyတွေ....။
"မောင်!!!!!...."
နာမ်စားတစ်ခုအားခေါ်၍ ရုတ်တရက်နိုးထလာခဲ့သည့်အခြေနေ။
ငယ်စဥ်ကတည်းက အက်ကြောင်းထပ်ကာမက်ခဲ့ဖူးသည့်ထိုအိမ်မက်။
စားပွဲခုံပေါ်၌ ချွတ်တင်ထားသည့် လက်ဝါးကပ်တိုင်သဏ္ဍာန်အဆောင်ဆွဲကြိုးလေး။
ငယ်စဥ်ကတည်းအိမ်မက်ဆိုးတွေမက်တတ်တာကြောင့် ဘုန်းတော်ကြီးတစ်ပါးကပေးထားခဲ့ခြင်းဖြစ်သည်။
ထိုအိမ်မက်မက်ပြီးတိုင်း နှလုံးသားတစ်နေရာကစူးအောင့်ကာနာကျင်လာရ၏။တစ်စုံတစ်ယောက်ကို လွမ်းဆွတ်သတိရနေခဲ့သလိုမျိုး။
နောက်ကျောပြင်သာမြင်ရသည့်အဲ့ဒီတစ်စုံတစ်ယောက်...။
"မောင့်ဒေစီငယ်"ဟူ၍ သုံးနှုန်းတတ်သည့်အဲ့ဒီတစ်ယောက်။
အိမ်မက်တို့အားစ်ိုးမိုးခြယ်လှယ်နေသည့်အကြင်သူသည်မည်သူပါနည်း..?
နှလုံးသားထဲကရင်းနှီးနေသည်ဟုခံစားရပြီး တွေးမိလိုက်တိုင်းမျက်ရည်တို့ဝေ့ဝဲလာပြီးရင်ထဲမယ်တင်းတင်းကြပ်ကြပ်။
"သခင်လေး...မနက်စာသုံးဆောင်ဖို့ ကိုယ်လက်သန့်စင်ရန်အချိန်ကျပါပြီ...."
အခန်းအပြင်ဘက်က အိမ်တော်ထိန်းကြီး၏အသိပေးသံနောက် ဖဲမွေ့ရာထက်မှထထိုင်ကာ ကိုယ်လက်သန့်စင်ဆေးကြောဖို့ရာလုပ်ရသည်။
အစေခံသုံးလေးယောက်ခန့်က ကြွေဇလားအဖြူထဲသို့နှင်းဆီပွင့်ချပ်များခြွေချကာ အမွှေးရနံ့ပေါင်းစုံဖြင့် ပြင်ဆင်ပေးထား၏။
ကြွေဇလားထဲသို့ဝင်ထိုင်လိုက်ပြီး ရေခပ်နွေးနွေးစိမ်ကာမျက်လုံးတ်ို့ကိုမှေးမှိတ်ထားမိသည်။
YOU ARE READING
The Daisy Diary(Red Eye Of Darkness)
Fanfictionမြို့စွန်က စံအိမ်နီကြီးရယ်၊အသက်ဝင်နေတဲ့ကျိန်စာတွေရယ်...အနီရောင်မျက်ဆန်တွေနှင့်လူတစ်ယောက်...