မြင်းစီးသမားက မြင်းပေါ်ကနေ လွှားကနဲခုန်ဆင်းလာပြီး
"ခင်ဗျားက Windamiaကို သွားမယ့် ဧည့်သည်တော်လား..?"
မိမိကိုတည့်တည့်ကြည့်ကာမေးလာ၏။
အနည်းငယ်အံ့သြသွားပေမယ့်...မျက်နှာအမူအယာကိုပြင်လိုက်ကာ
"ဟုတ်ပါတယ်...."
"ဒါဆိုရင်ဖြင့် အကျွန်ုပ်နဲ့လိုက်ခဲ့ပါ...ကျွန်ုပ်ကလည်း Windamiaကိုသွားမှာမို့...လမ်းလျှောက်သွားရင် အတော်လှမ်းတာမို့နေဝင်ချိန်တောင်ရောက်ပါမလားပဲ..."
စဥ်းစားနေဟန်ရှိတဲ့ Taehyungကိုသူကပင်ဆက်ပြီး
"စိတ်ချလို့ရပါတယ်...ကျွန်ုပ်က Widamiaမှာ တာဝန်ထမ်းဆောင်နေတဲ့သူပါ...နာမည်က Heneryလို့ခေါ်ပါတယ်.."
ထိုသူစကားပြောပုံက အေးစက်စက်နှင့် ခပ်ပြတ်ပြတ်။
"ဒါဆိုရင်တော့ လိုက်ခဲ့ပါ့မယ်..."
သဘောတူညီချက်ယူပြီးသည်နှင့် သူကလွှားကနဲမြင်းပေါ်ခုန်တက်ကာ Taehyungကိုလက်ကမ်းပေး၏။
Taehyungသည်ထိုလူ၏ လက်ကိုကိုင်တွယ်ခြင်းမပြုပါပဲ မြင်းပေါ်သို့ကျွမ်းကျင်စွာ တက်လိုက်၏။
Heneryပြုံးလိုက်မိပါ၏။
အင်း...မာနကတော့ကြီးသား...။
ဤသို့ဖြင့် ခရီးနှင်လာခဲ့ရာ နေဝင်ရီတရောအချိန်၌ စံအိမ်ကြီးသို့ရောက်၏။
ကြီးမားသည့် အုတ်တံတိုင်းများဖြင့်ကာရံထားပြီး အနည်းငယ်အိုဟောင်းနေသည့် သဏ္ဍာန်ရှိသည်။
မှောင်ရီပျိုးစအချိန်ကြောင့် အိမ်ကြီး၏ပတ်ဝန်းကျင်အားသေချာစူးစမ်းလို့မရချေ။
နောက်ဆုံးတော့ အိမ်မက်ထဲက ခဏခဏခေါ်ဆောင်နေခဲ့တဲ့ Windamiaကို ရောက်လာခဲ့ပြီ...။
ခြံဝန်းထဲသို့ဝင်လိုက်သည်နှင့် အေးစက်စက်လေထုအားခံစားလိုက်ရပြီး စိတ်ထဲမသိုးမသန့်ဖြစ်လာခဲ့သည်။
ကြက်သီးမွေးညှင်းများထလာပြီး တစ်စုံတစ်ဦးကစောင့်ကြည့်ခံနေရသည့် ခံစားချက်မျိုး..။
ရင်ထဲ၌ အမည်မသိသောခံစားချက်က နေရာယူထားပြီး တစ်စုံတစ်ယောက်အား လွမ်းဆွတ်သည့်ခံစားချက်မျိုးဖြစ်သည်။
YOU ARE READING
The Daisy Diary(Red Eye Of Darkness)
Fanfictionမြို့စွန်က စံအိမ်နီကြီးရယ်၊အသက်ဝင်နေတဲ့ကျိန်စာတွေရယ်...အနီရောင်မျက်ဆန်တွေနှင့်လူတစ်ယောက်...