Who is Hellen?

2.2K 231 5
                                    

အသံပိုင်ရှင်က ညနေက ကလေးမလေး။

ဆံပင်နှစ်ဖက်ပိုကျစ်ဆံမြှီးခွဲကျစ်ထားပြီး ဂါဝန်အရှည်ဖားဖားပေါ်၌ သိုးမွှေးခြုံထည်ကိုထပ်ကာလွှမ်းခြုံထားသည်။

ထိုကလေးမလေးကပင် ဦးဆောင်ပြီးအိမ်ထဲခေါ်သွားပေး၏။

အိမ်ရှေ့ခန်း၌ မီးလင်းဖိုတစ်ခုဖိုထားပြီး ထိုဘေး၌ မိသားစုဖြစ်ဟန်တူသူများဝိုင်းဖွဲ့ထိုင်နေကြသည်။

အသက်ခပ်ကြီးကြီးအမျိုးသမီးကြီးက သိုးမွှေးထိုးနေရင်းမှ

"အရှုပ်တွေလုပ်လာပြန်ပြီလား Jenna..."

"အမေကလည်း... ဒီအကိုက ဒုက္ခရောက်နေလို့ဟာကို..."

"အေး...ညမှောင်နေပြီ... လူကောင်းမှန်းမသိလူဆိုးမှန်းမသိ..."

"အစ်ကို့ပုံစံက လူကောင်းပုံစံပါအမေရယ်..."

"အဲ့လိုတွေကြပ်ကြပ်လုပ်! Vampireကိုအိမ်ထဲခေါ်သွင်းမိမှ ဒုက္ခရောက်ကုန်မယ်..."

ထိုသားအမိက ကျွန်တော့်ကိုအရှေ့ထားပြီးအချင်းများနေကြသည်။ကျန်သည့်အိမ်သားများကတော့တစ်ခွန်းမှဝင်မပြော ပွဲကြည့်ပရိတ်သတ်လုပ်နေကြတာ....။

"ဟို...ကျွန်တော်က လူကောင်းပါခင်ဗျာ...Dariaကလာတဲ့ခရီးသွားဧည့်သည်ပါ.... "

သူဖြေရှင်းချက်ပေးလိုက်တော့ ကလေးမရဲ့အမေက ဘာမှဆက်မပြောတော့ပေမယ့် သူ့သမီးကိုကြိတ်ဆူနေသည်။

"တည်းခိုစရိတ်ကိုလည်း ပေးမှာပါခင်ဗျ.."

ကလေးမက

"မဟုတ်တာပဲ အကိုရယ်....မလို...."

"အို...လိုတာပေါ့ ဘယ်လောက်ပေးမှာလဲ...."

စကားတောင်မဆုံးသေး ကလေးမအမေကဖြတ်ပြောသည်။

ရှုံ့ကြိုးအိတ်နှင့်ထုတ်ထားသည့် ဒင်္ဂါးပြားထုတ်ကို သူမရှေ့ကမ်းပေးတော့ ခုနကနဲ့မတူ ပြုံးဖြီးသွားပြီး

"ဒီလောက်ငွေအများကြီးနဲ့ဆို စိတ်ကြိုက်နေ.."

"အမေ!!!..."

ကလေးမက ထ အော်တော့သည်။

တကယ်တကျက်ကျက်နဲ့မိသားစုက အနေခက်စေသည်။

The Daisy Diary(Red Eye Of Darkness)Where stories live. Discover now