"ဒင်!...ဒင်!...ဒင်!...ဒင်!...ဒင်!..ဒင်.."
တိုင်ကပ်နာရီကြီးဆီမှ နာရီသံခြောက်ချက်တီးသံနှင့်အတူ နိုးထလာရသည့်မနက်ခင်း.။
ထွက်ပြူစနေရောင်ခြည်နှင့်အတူ နှင်းငွေ့တို့ကတဖွဲဖွဲ။
ချမ်းစိမ့်စိမ့်အနေအထားကြောင့် အိပ်ယာထဲ၌ ကွေးနေချင်သေးသည့်အခြေအနေ...။
အိပ်ယာထဲက မထသေးဘဲ အိမ်မက်အကြောင်းကိုဆက်စပ်ကာ တွေးတောနေမိသည်။
အိမ်မက်တွေဟာ ဆက်စပ်လို့မရဘဲ ဟိုတစ်စဒီတစ်စအပိုင်းစများအဖြစ်ပျံ့လွင့်လို့နေသည်။
အိမ်မက်တွေထဲမှာ တောက်လျောက်မက်လာခဲ့သည့် မောင်ဆိုတာက တကယ်ပဲ Jeonသခင်ကြီးလား...။
"မောင်"အဲ့ဒီနာမ်စားကိုတွေးမိလိုက်တိုင်း ရင်ဘတ်ထဲ၌ တင်းကြပ်ကြပ်။
အဲ့တာက သေချာပေါက် စိတ်ချမ်းမြေ့စရာတော့ မဖြစ်တန်ရာ။
ဆက်မတွေးချင်သေးတာကြောင့် အတွေးနယ်ချဲ့ခြင်းအမှုကိုလက်စသတ်ကာ အိပ်ယာမှလူးလဲထကာ ကိုယ်လက်သန့်စင်ရသည်။
အဖြူရောင်လည်စည်းပါလက်ရှည်အဖြူပေါ်၌ ဒူးအထိရှည်သော လယ်သာကုတ်အထူကြီးအားထပ်မံ၍ ဝတ်ဆင်လိုက်သည်။
အိမ်ကြီးထဲကလေလုံသည်ကြောင့် အချမ်းဒဏ်ကိုခံနိုင်သေးသည်။
အခန်းပြင်ထွက်ဖို့ရာ တံခါးအား ဆွဲဖွင့်ဖွင့်ချင်းပင်....
"အမေ့!...."
ဘွားကနဲရုတ်တရက်ပေါ်လာသော ဇောက်ထိုးအနေအထားနှင့် ဖြူစုတ်စုတ်မျက်နှာကြီး။ထိုမျက်နှာက သွားများပေါ်အောင်ပြုံးပြနေသေးတာ။
"မောနင်း ဆရာ!..."
ထုပ်တန်းမှတွဲလျကျနေသော ထိုဖြူစုပ်စုပ်မျက်နှာဆီက နှုတ်ဆက်သံ။
သေချာကြည့်တော့မှ
"Hellen..?"
"အဟီး..အရမ်းလန့်သွားလားဆရာ!...သမီးကချစ်လို့စတာ..."
ဇောက်ထိုးအနေအထားနှင့် စကားပြောနေသောHellenဖြစ်သည်။
"အရင်ဆုံး...မင်းရဲ့အနေအထားကို ပြင်လိုက်ပါဦး..."
YOU ARE READING
The Daisy Diary(Red Eye Of Darkness)
Fanfictionမြို့စွန်က စံအိမ်နီကြီးရယ်၊အသက်ဝင်နေတဲ့ကျိန်စာတွေရယ်...အနီရောင်မျက်ဆန်တွေနှင့်လူတစ်ယောက်...