The End of Daisy Diary

2.8K 262 37
                                    

နေဝင်ရီတရောအချိန်....။

မြို့စွန်ကစံအိမ်နီကြီးအနားသို့  ဆော့ကစားရင်းမှ လမ်းမှားလာသည့်ကလေးငယ်တစ်ဦး....။

မျက်ဆန်ပြာပြာနှင့် အနီရောင်ဆံပင်လေးများရှိသည့် ကောင်ငယ်လေးတစ်ဦးဖြစ်သည်။

ခြံကြီးထဲသို့လှမ်းကြည့်သောအခါ ဂါဝန်အဖြူဝတ်ထားသော သူနဲ့ရွယ်တူ ကောင်မလေးတစ်ဦးသည် ဘောလုံးအား တစ်ယောက်ထဲ ပုတ်လျက်ဆော့ကစားနေလေသည်။

ထိုကောင်မလေးလက်ထဲက ဘောလုံးလေးဟာအရှိန်လွန်ပြီး လိမ့်လာပြီးနောက် သူ၏ခြေထောက်ထိပ်၌ ရပ်တန့်သွားလေသည်။

ထိုကောင်လေးသည် စိတ်ဝင်တစားနှင့် ဘောလုံးလေးအား ကောက်ယူနေသည့်အချိန် သူ၏အရှေ့၌ လာရပ်ပါသော ကြိုးသိုင်းလေဒီရှူးအနက်ရောင်လေးတစ်ရံ...။

မော့ကြည့်လိုက်တော့ ခုနက ကောင်မလေး..။

ကောင်လေးသည် ဘောလုံးလေးအားကောက်ယူလျက် ထိုကောင်မလေးရှေ့သို့မြှောက်ပြရင်းမှ

"ဒါက နင့်ဟာလား..."

"အင်း...."

ထို့နောက်ကောင်မလေးကပင်ဆက်ပြီး..

"တစ်ယောက်ထဲကစားရတာပျင်းဖို့ကောင်းတယ်...ငါနဲ့အတူကစားကြမလား..."

ထိုကောင်မလေး၏အမေးစကားအား ကောင်လေးသည် စိတ်လိုလက်ရ ခေါင်းငြိမ့်သဘောတူလိုက်ပါလျှင် ထိုကောင်မလေးသည် ကောင်လေးအား စံအိမ်ကြီးအတွင်းသို့ခေါ်ဆောင်သွားခဲ့တော့သည်...။

*****

လပြည့်ပြီးကာစရက်များဖြစ်တာကြောင့် လမင်းကြီး၏အလင်းရောင်ဟာ လုံလောက်စွာဖြာကျလျက်ရှိနေသည်။

ခြံဝန်းထဲ၌လည်း အလင်းရောင်ဖြာကျနေသောကြောင့် ဒေစီပန်းခင်းကြီးအား ကောင်းစွာပင်မြင်နေရသည်။

ည၏လသာသာတွင် အဖြူရောင်ပိတ်ကားတစ်ချပ်ပေါ်၌ စုတ်တံတို့ဖြင့်ရေးခြစ်လျက်အလုပ်ရှုပ်နေသော Taehyungဖြစ်သည်။

"ဟေ့လူ ငြိမ်ငြိမ်နေလေဗျာ...ဒီမှာလက်စသတ်နေပြီ..."

အချစ်ကလေးအလိုကျ ဟန်အမူအရာပြနေရသူမှာတော့ ငြိုငြင်ခြင်းအလျင်းမရှိ။

You've reached the end of published parts.

⏰ Last updated: Mar 29, 2023 ⏰

Add this story to your Library to get notified about new parts!

The Daisy Diary(Red Eye Of Darkness)Where stories live. Discover now