Missing....

1.7K 184 26
                                    

Just little warning:

မောင်သည်အပြင်းအထန်နမ်းရှိုက်လာပြီးနောက် Taehyung ကိုယ်လုံးလေးအားပွေ့ချီကာ အိပ်ယာထက်သို့ချပေးသည်။နှုတ်ခမ်းချင်းချိတ်ဆက်မှုသည်လည်းလစ်လပ်မှုမရှိစေရ။

အိပ်ယာပေါ်သို့ရောက်သောအခါ ​ေမာင်ကအပေါ်မှအုပ်မိုးလျက် မျက်လုံးချင်းဆုံအောင်ရွှန်းရွှန်းစားစားစိုက်ကြည့်လာသည်။

မောင့်အကြည့်တွေကိုရင်မဆိုင်ဝံ့သူTaehyungက အမြဲတစေအကြည့်လွှဲမြဲသာ။

"မောင့် မျက်လုံးတွေထဲ သေချာကြည့်"

အမိန့်ဟူ၍မဆိုသာသော အသံနောက် Taehyungဟာ ဦးညွှတ်မိပြန်သည်။

သူဟာ မောင်ဆိုသည့်ကွန်ရက်ဝယ် အကြိမ်ကြိမ်ကျရှုံးရင်းသာ။

အကြည့်ချင်းဆုံတော့ မောင်ကနှစ်လိုဖွယ်ခပ်ရေးရေးပြုံးပြပါ၏။

ပါးချိုင့်ပိစိလေးတွေခွက်ဝင်သွားသည်ကို လက်ညှိုးလေးဖြင့်မရဲတရဲထိကြည့်မိလိုက်သည်။

မောင်ကနဖူးပေါ်ဝဲနေသည့်Taehyungဆံပင်လေးတွေကိုသပ်တင်ပေးရင်းမှ

"မောင့်ကို ဘယ်လောက်တောင်ချစ်သလဲ..."

"အများကြီး...အများကြီးပြောမပြတတ်အောင်ချစ်တယ်.."

လက်နှစ်ဖက်ကိုအများကြီးဆိုသည့်ပုံသဏ္ဍာန်ပေါ်အောင်ဝေ့ဝိုက်ပြတော့ မောင်ကနှာခေါင်းလေးရှုံ့သည်အထိရယ်မောရင်း...

"မင်းက တကယ့်ကလေးလေးပဲ.."

ကြားရခဲသော မောင်၏တီတီတာတာစကားများဖြစ်သည်။မောင်သည်လည်း Taehyungကို ချစ်ခဲ့ဖူးသလားဆိုတာကို သိပ်ကိုသိချင်မိသည်။ထို့ကြောင့်အရဲစွန့်ကာပင်..

"မောင်...မောင်ကရောဟင်..."

မေးပြီးနောက်မောင်၏နှုတ်မှထွက်လာမည့်အဖြေကိုမကြားဝံ့ပြန်။မောင်သည်နှုတ်ဆိတ်လျက်တွေဝေနေပြန်ပါသည်။ဒီအခြေနေဆို သိသင့်ပြီမို့ Taehyungမျက်ရည်တွေဝဲတက်လာရသည်။မောင်နဲ့ပတ်သတ်ရင်သူက ကွဲလွယ်ရှလွယ်တဲ့ ကြွေရုပ်ပမာ။

"ဟေး...မငိုရဘူးလေ...မင်းမျက်ရည်ကျတာကို မောင်မကြိုက်ဘူး.."

ကျလုဆဲဆဲမျက်ရည်တွေကိုကြည့်ကာ မောင်က အလျင်စလိုတားသည်။

The Daisy Diary(Red Eye Of Darkness)Where stories live. Discover now