The lier

1.5K 188 9
                                    

မောင်သည် Taehyungအတွက် နေ့စဥ်နှင့်အမျှ Daisy​ပန်းတွေကို လက်ဆောင်ပေးတတ်ပါသည်။

ယခုလည်း Taehyung ​မောင်ပေးလိုက်သည့်Daisyပန်းစည်းလေးအား တယုတယကိုင်ကာ အိမ်ဝသို့အဝင်တွင်ဖြစ်သည်။

"Kim Tae Hyung!!!..."

ဧည့်ခန်း၍ ခါးထောက်လျက် ဒေါသတကြီး အော်ဟစ်လာသည့် ဖခင်၏အသံကြောင့် Taehyungကိုယ်လေး တုန်ကနဲ...။

"ဒါက ဘယ်ကပြန်လာတာလဲ ပြောစမ်းပါဦး.."

အခြေအနေတစ်ခုခုကလွဲမှားနေပြီမှန်းTaehyungရိပ်မိလိုက်၏။

"အပြင်...အပြင်က ပြန်လာတာပါ ဖေဖေ..."

"ဘာကိုအပြင်လဲ!..မြို့တစ်မြို့လုံး မင်းတို့ရဲ့သတင်းတွေပျံ့နေတာသိရဲ့လား!..ငါ့မိတ်ဆွေအသိုင်းအဝိုင်းကြားမှာ ဘယ်လောက်တောင် မျက်နှာပျက်လိုက်ရသလဲ!...Kimအိမ်တော်ကသခင်လေးက ယောကျ်ားတစ်ယောက်နဲ့ မိုးမမြင်လေမမြင်ဖြစ်ပျက်နေပါတယ်ဆိုပြီးပြောဆိုနေကြတာ...ငါ​့သိက္ခါတွေကုန်းကောက်စရာမရှိတော့ဘူး...ဒီထက်ပိုဆိုးတာက မင်းအကောင်က အောက်တန်းကျတဲ့ Jeonမျိုးရိုးဖြစ်နေတာပဲ..."

ဖေဖေ၏တရစပ်အပြောအား Taehyungဘာမှပြန်မပြောမိ။ခြေစုံရပ်လျက် ခေါင်းငုံ့ထားရုံသာတတ်နိုင်သည်။Jeonမျိုးရိုးဆိုသည့်စကားကြောင့် Taehyung သည် အံ့သြသည့်မျက်လုံးအစုံဖြင့် ခေါင်းမော့မိလိုက်သည်။

"......"

Jeonမျိုးရိုးတွေက Taehyungတို့Kimမိသားစုနှင့် ဘိုးဘွားအစဥ်အဆက် ရန်ငြိုးဖွဲ့လာကြသည့် မဟာရန်သူတော်တွေဖြစ်ကြောင်း ဖေဖေခဏခဏပြောသည်ကိုကြားဖူးသည်။

မောင်သည် Jeonမျိုးနွယ်မှန်းသိပေမယ့် အဲ့ဒီရန်သူတော်အမျိုးအနွယ်ဖြစ်မည်လို့ မထင်ခဲ့မိ။

"မင်းအကောင်နဲ့ ခုချက်ချင်း အဆက်သွယ်ဖြတ်!..မဟုတ်ရင် ငါ့အဆိုးမဆိုနဲ့..."

ပြတ်ပြတ်သားသားဖေဖေ၏တစ်ချက်လွတ်အမိန့်...။

"လုံးဝမလုပ်နိုင်ဘူးဖေဖေ..."

Taehyungအားတင်းကာပင် ဖေဖေ့အားပြန်ခံပြောမိလိုက်သည်။

"ဘာပြောတယ် KimTaehyung!..အဲ့ဒီအကောင်အတွက်နဲ့ ငါ့ကို အာခံမယ်ပေါ့လေ...မင်းအကောင်က ငါ့ကို​​ေ-ာက်ရှက်ခွဲချင်လို့ တမင်တကာ မင်းကိုချဥ်းကပ်ခဲ့တာ.."

The Daisy Diary(Red Eye Of Darkness)Where stories live. Discover now