A Man:The horse racer

1.9K 249 6
                                    

"Darusleyမြို့ရဲ့ မြောက်ပိုင်းအစွန်း ကုန်းမြင့်ပေါ်မှာ နန်းတော်တမျှခမ်းနားလှတဲ့ စံအိမ်ကြီးတစ်အိမ်တည်ရှိခဲ့တယ်...."

စိတ်ဝင်စားမှုကြောင့် Taehyung၏ မျက်လုံးများကအရောင်တလက်လက်။

"အဲ့​ဒီစံအိမ်တော်ကြီး နာမည်က "Windamia"တဲ့...."

"Windamia....!"

ထိုအမည်နာမအားနှုတ်မှ လိုက်ကာရေရွတ်လိုက်မိသည်။

ဆဠမအာရုံ၏နှိုးဆော်ချက်အရ "Windamia"ဟူသောအမည်နာမအားကြားလိုက်သည်နှင့် ကြက်သီးမွှေးညှင်းများထလာရတာကြောင့် စိတ်ထဲမသိုးမသန့်။

"Windamiaစံအိမ်တော်ကို Jeonမျိုးရိုးကအစဥ်အဆက်ထိန်းသိမ်းခဲ့ကြတယ်....Jeonမိသားစုမှာ သားသမီးသုံးယောက်ထွန်းကားခဲ့တယ်....သားအကြီးဆုံးက JeonJungkookလို့အမည်ရပြီး ဒုတိယမြောက်သမီးက Raven Jeon၊သမီးအငယ်ဆုံးလေးကို Hellen Jeonလို့အမည်တွင်ခဲ့တယ်...."

"တဆိတ်လောက်!..ခုနက Hellenလို့ပြောလိုက်သလားလို့..?"

Taehyungကစကားဖြတ်ကာမေးတော့

"ဟုတ်တယ်လေ...Jeonအိမ်တော်ရဲ့သမီးအငယ်ဆုံးလေးလေ...စိတ်မကောင်းစရာက အသက်ရှစ်နှစ်အရွယ်မှာပဲ အပြင်းဖျားပြီးသေဆုံးသွားခဲ့တယ်..."

ကလေးမအမေကစိတ်မကောင်းဟန်ရှင်းပြသည်။

Taehyungရင်ထဲဒိန်းကနဲ....။Hellen...အဲ့ဒီနာမည်က အိမ်မက်ထဲက ထိတ်လန့်ဖွယ်မျက်နှာနဲ့ကလေးမလေးရဲ့ နာမည်။

"ခဏလောက် မ​ဒမ်..."

Taehyungမိမိအခန်းထဲကိုဒုန်းဆိုင်းပြေးဝင်သွားပြီး ညတုန်းက အိပ်မပျော်၍ ထိုင်ဆွဲခဲ့သော ရုပ်ပုံကားချပ်တစ်ခုအားယူချလာခဲ့သည်။

"သူမက ဒီထဲက ပုံစံအတိုင်းလား..?"

ဆံပင်အရှည် ဂါဝန်အဖြူနှင့် လက်ထဲ၌ ဝက်ဝံရုပ်ကိုကိုင်ကာရပ်နေပါသောကလေးမပုံက ပီပြင်စွာ။မျက်နှာနေရာ၌ ခဲခြစ်ထားပြီးမှုန်ဝါးဝါးသာပုံဖော်ထား၏။

"အိုး!....ဟုတ်တယ်!..သေချာပေါက် အဲ့ဒီလိုပုံစံမျိုးပဲ!...သူမကိုမြင်ဖူးတဲ့သူတွေပြောကြတဲ့ပုံစံက အဲ့လိုမျိုးတဲ့..."

မဒမ်က ပါးစပ်ကိုလက်ဝါးဖြင့်အုပ်ကာအံ့သြနေဟန်ဖြင့် ရုပ်ပုံကားချပ်ကိုကြည့်လိုက် Taehyungကိုတစ်လှည့်ကြည့်လိုက်ဖြင့်....။

The Daisy Diary(Red Eye Of Darkness)Where stories live. Discover now