သခင်လေးKimသည် မွေးနေ့ပွဲပြီးဆုံးသွားသည့်တိုင် အမည်မသိ မျက်နှာဖုံးပိုင်ရှင်အား အတွေးထဲကဖျောက်ဖျက်မရ။
ညအိပ်ဝတ်စုံပိုးသားအဖြူဖျော့ဖျော့လေးကိုဝတ်ဆင်ကာ အခန်းထဲ၌ ပန်းချီဆွဲနေပါသော သခင်လေးKim...
စားပွဲခုံပေါ်၌ နီရဲရဲစတော်ဘယ်ရီသီးတွေနှင့် အစိမ်းရောင်စပျစ်သီးခပ်ကြီးကြီးများကို လှပစွာပုံပေါ်ထားသော အချိုပွဲတစ်ပွဲရှိနေပြီး သွယ်လျလျ လက်တံရှည်တို့က ပန်းချီစုတ်တံကိုကိုင်လျက် အဖြူရောင်ပိတ်ကားချပ်ပေါ်၌ ပြေးလွှားလျက်ရှိသည်။
ပန်းချီကားချပ်ထဲ၌ ရှည်လျားသောခြေတံရှည်များနှင့် အနောက်တိုင်းဝတ်စုံကိုေသသပ်စွာဆင်မြန်းထားသောအမျိုးသားတစ်ဦးကခန့်ညားစွာနေရာယူနေပြီး ထိုအမျိုးသား၏ မျက်နှာထက်၌ ငွေရောင်မျက်နှာဖုံးတစ်ခု၊နှုတ်ခမ်းအောက်၌ ခပ်ရေးရေးမှဲ့နက်သေးသေးလေးတစ်ခု...။
ပန်းချီအားစိတ်တိုင်းကျသည်အထိအချောသတ်ပြီးနောက် သခင်လေးKimသည် အားရ ကျေနပ်လှသော အပြုံးတို့ဖြင့်ပြုံး၏။
သူ၏စိတ်ကူးထဲ၌ စွဲထင်ကျန်နေရစ်သောပုံရိပ်တစ်ခုအား သေသပ်လှစွာ မှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်သည်။
ထိုအမည်မသိသူ၏ အကြောင်းကိုပြန်တွေးမိတိုင်း စိတ်လှုပ်ရှားပြီး ရင်ထဲ၌ ကမောက်ကမဖြစ်လာရသည်။
သူသည် ထိုသူအား လွမ်းဆွတ်မိသလိုလို တမ်းတမျှော်လင့်မိသလိုလို ပင်ခံစားနေရသည်။
အဲ့ဒီလူ နောက်တစ်ကြိမ် ထပ်ရောက်လာဖို့ကို တိတ်တိတ်ကလေးမျှော်လင့်နေမိတော့တာ..။
ပန်းချီဆွဲခြင်းအမှုပြီးတော့ မီးအိမ်လေးအား အလင်းခပ်မှိန်မှိန်လျှော့ကာ အိပ်ယာဝင်ခဲ့တော့သည်။
အမှောင်အတိချထားခြင်းထက် အလင်းရောင်အနည်းငယ်ရှိခြင်းက အိပ်စက်ခြင်းကို ပိုမိုသက်သောင့်သက်သာရှိစေခြင်းကြောင့်ဖြစ်သည်။
တစ်စုံတစ်ယောက်ဆီ စိတ်ရောက်နေခဲ့သည့် သခင်လေးKimဟာ ပြတင်းတံခါးများ ပိတ်ဖို့ကို မေ့လျော့ခဲ့ဟန်။
YOU ARE READING
The Daisy Diary(Red Eye Of Darkness)
Fanfictionမြို့စွန်က စံအိမ်နီကြီးရယ်၊အသက်ဝင်နေတဲ့ကျိန်စာတွေရယ်...အနီရောင်မျက်ဆန်တွေနှင့်လူတစ်ယောက်...