"သခင်ကြီး!....သခင်လေးရယ်လေ...သခင်လေးရယ်......."
အလန့်တကြားပြေးလာသော အစေခံမိန်းကနှုတ်မှ တစ်ခုခုကို တွန့်ဆုတ်နေပြီး ဘာစကားမှထပ်ထွက်မလာတော့...။
Taehyungတစ်ခုခုဖြစ်နေပြီဆိုသောအသိက သူ့ရင်ထဲ ဒိန်းကနဲ။
ထိုမိန်းကလေးဆီမှစကားသံတို့ကိုမစောင့်ဘဲ အရာအားလုံးကို တွန်းဖယ်လျက် အိမ်ပေါ်သို့အပြေးတက်သွားမိတော့သည်။
လှေကားထစ်တွေလည်း ဘယ်နှထစ်ကျော်တက်မိမှန်းမသိတော့...။
သူသိတာ Taehyungကို စိတ်ပူတာပင်.....။
ပွင့်လျက်သားရှိနေသည့် Taehyung၏ အခန်းတံခါး...။
ပြေးဝင်သွားလိုက်တော့ မြင်လိုက်ရသည့်မြင်ကွင်းဟာ သူ့နှလုံးသားတစ်ခုလုံး ကျိုးပျက်ဖွယ်ရာအတိ။
သွေးအိုင်ထဲ၌ လဲကျနေပါသော သူ့ရဲ့ဒေစီငယ်...။ဝတ်ထားသည့်ဖြူစွတ်စွတ်ဝတ်စုံလေးဟာ သွေးများစွန်းထင်းလျက်။နံဘေး၌ ပျံ့ကျဲနေသော ဒေစီပန်းများနှင့် ဓားတစ်ချောင်း...။
သူဟာအပြေးပင် လဲကျနေသော ခန္ဓာကိုယ်လေးကိုပြေးပွေ့မိတော့ ပေျာ့ဖတ်စွာပင်ပါလာပါ၏။
ဒေစီငယ်၏ လက်ကောက်ဝတ်၌ သွေးများထွက်လျက်ရှိသော ပြတ်ရှရာတစ်ခု...။
မျက်လုံးထောင့်၌ ခြောက်သွေ့နေသော မျက်ရည်စီးကြောင်းလေးတစ်ခု...။
"ဒေစီငယ်!..ထပါဦး...မောင့်အချစ်ရယ်...မောင့်ကို ဒီလိုမျိုး မစနောက်ပါနဲ့ကွာ...."
ပါးပြင်လေးကိုအကြိမ်ကြိမ်ပုတ်နှိုးနေသော်လည်း တစ်ပွင့်တည်းသော ဒေစီဟာ မျက်လုံးတို့ ပြန်လည်ပွင့်လာခြင်းမရှိသလို နိုးထလာခြင်းမရှိတော့ပါချေ...။
"ထပါဦး ဒေစီငယ်....ပြောတော့မောင့်ကို စောင့်ကြိုနေမှာပါဆို...ဟင်...."
သူ့ရင်တွေတစ်ခုလုံး စုတ်ပြတ်သတ်အောင်နာကျင်ရသည်။သူအခုမြင်တွေ့နေရတာတွေကို တကယ်မယုံနိုင်သေးဘူး...။မဟုတ်ဘူး...။ဒေစီငယ်က သူ့ကိုသေချာပေါက်စောင့်နေပါ့မယ်လို့ ပြောထားခဲ့တာ....။
အနား၌ ခပ်ကုပ်ကုပ်ကလေးရပ်ကာ မျက်ရည်ခိုးသုတ်နေသော အစေခံမိန်းကလေးဘက်လှည့်ကာ..
YOU ARE READING
The Daisy Diary(Red Eye Of Darkness)
Fanfictionမြို့စွန်က စံအိမ်နီကြီးရယ်၊အသက်ဝင်နေတဲ့ကျိန်စာတွေရယ်...အနီရောင်မျက်ဆန်တွေနှင့်လူတစ်ယောက်...