"မောင်!..ဘယ်လိုလုပ်လိုက်တာလဲ!!.."
အားနှင့်တွန်းချခံလိုက်ရတာကြောင့် Taehyungကျောထဲမယ် အောင့်ကနဲ။
"မင်းက ဘယ်လိုလုပ် ငါ့အခန်းထဲကိုရောက်နေတာလဲ..?"
မောင်သည် Taehyungကို မသတီစရာလိုကြည့်ကာ စိမ်းကားစွာဆိုလာလျှင် ချက်ချင်းဝဲတက်လာသောမျက်ရည်များအား မျက်တောင်ဖြင့်ပုတ်ခတ်သိမ်းဆည်းလိုက်ရင်းမှ...
"ညတုန်းက မောင်တအားမူးလာလို့ လိုက်ပို့ရင်းနဲ့မှ..."
"တော်ပြီ...ထားလိုက်တော့..နောက်တစ်ခါ ငါ့အခန်းထဲ လက်လွတ်စပါယ်မဝင်နဲ့ မကြိုက်ဘူး..."
"အဲ့လောက်ကြီးလည်းဖြစ်ပျက်မနေပါနဲ့မောင်ရယ်...ကျွန်တော်က မောင့်ရဲ့သက်ဆိုင်သူပါ!.."
Taehyungခံပြင်းစွာခွန်းတုန့်ပြန်လိုက်မိသည်။မောင့်အပြုအမူတွေက တအားကိုလွန်လွန်းနေပြီ။
"ဆိုင်ပဲဆိုင်တာ..မင်းငါ့ကိုမပိုင်ဘူးKimTaehyung...မင်းကိုသိပ်ချစ်လွန်းလို့လက်ထပ်ထားတာမဟုတ်ဘူး...မင်းတ်ို့Kimမျိုးရိုးကိုမုန်းလွန်းလို့ဆိုတာ သေအောင်မှတ်ထား...."
မောင်သည် "မုန်းတယ်"ဆိုသည့်စကားကို မမေ့မလျော့ပြောနေတော့တာ။
ယခင်က ချစ်စကားတဖွဖွပြောတတ်သည့်မောင့်နှုတ်ဖျားက ယခုမူ ဓားသွားလိုထက်လှသည့်အမုန်းစကားတို့အား ဆိုနေခဲ့သည်။
တယုတယထွေးပွေ့တတ်သောမောင်ဟာ ကြမ်းတမ်းစွာ ပြုမူနေခဲ့သည်။
အချစ်မျက်ဝန်းတွေနဲ့ကြည့်တတ်သည့်မောင်ဟာ စိမ်းကားစွာရန်သူတော်တစ်ယောက်လိုမြင်နေခဲ့ပြီ။
"Kim"မျိုးရိုးဖြစ်သည်ဆိုသည့်အကြောင်းပြချက်နဲ့ မောင်က အပြစ်တွေပုံချပြီး လက်စားချေနေတာတော့မဟုတ်သေးဘူးမလား..။
Taehyungဟာ မောင့်ရဲ့ ရင့်ရင့်သီးသီးစကားလုံးတွေကြားထဲမှာ ကူရာကယ်ရာမဲ့ပြန်ပါသည်။
"သနားစရာလိုလုပ်မနေနဲ့ KimTaehyung...အဲ့ဒီလောက်နဲ့ မင်းအပေါ်ထားတဲ့ ငါ့စိတ်ကပြောင်းလဲသွားမှာမဟုတ်ဘူး.."
"......"
ဒီထက်ပိုပြီးရင့်သီးသည့်စကားလုံးတွေထွက်မလာခင် မောင့်အခန်းထဲမှ ပြေးထွက်လာခဲ့မိသည်။
YOU ARE READING
The Daisy Diary(Red Eye Of Darkness)
Fanfictionမြို့စွန်က စံအိမ်နီကြီးရယ်၊အသက်ဝင်နေတဲ့ကျိန်စာတွေရယ်...အနီရောင်မျက်ဆန်တွေနှင့်လူတစ်ယောက်...