Someone in the Lake

1.8K 208 5
                                    

လရောင်ပြပြက ထိုအမျိုးသမီး၏ ခန္ဓာကိုယ်ပေါ်သို့ကျရောက်နေသည်။

သူမ၏ခြေဖျားအထိရေနစ်မြုပ်နေပြီး ထိုအမျိုးသမီးက ရပ်တန့်သွားခြင်းမရှိ။

"ဂီး!..ဂစ်!..ဂစ်!.."

စံအိမ်၏ ခေါင်းမိုးထက်မှ ငှက်ဆိုးထိုးသံတစ်ခု အကျည်းတန်စွာထွက်ပေါ်လာ၏။

ကြက်သီးမွေးညှင်းများထသွားသဖြင့် ပခုံးနှစ်ဖက်အားကျုံ့လိုက်မိသည်။

လျှပ်တစ်ပြက်အတွင်း၌ အမျိုးသမီးက ပျောက်ကွယ်သွားပြီး

ပတ်ဝန်းကျင်ကလည်းတိတ်ဆိတ်နေပြီး လူရိပ်လူယောင်တောင်မမြင်ရ။

ရေကန်ထဲနစ်မြုပ်သွားတာများလား..။

ဒါမှမဟုတ်အမြင်အာရုံပဲထွေပြားလေသလား...။

ကန်ရေပြင်မှာလည်းပကတိငြိမ်သက်လျက်ရှိနေသည်။

တကယ်ပဲ ထူးဆန်းလိုက်တာ။သေချာပေါက်မြင်ခဲ့တာကို...။

ပရလောကသားတွေများ ကိုယ်ယောင်ပြလေသလားဟူ၍ တွေးမိလိုက်တော့ တစ်ကိုယ်လုံးစိမ့်ကနဲဖြစ်သွားသည်။

လေအဝေ့၌ သွေးညှီနံ့လိုလို ပုပ်သိုးသိုးအနံ့ကြီးကလှိုက်တက်လာသောအခါ ကြောက်ကြောက်လန့်လန့်ဖြင့်ပြတင်းပေါက်အား ဆွဲပိတ်လိုက်မိသည်။

ကုတင်ပေါ်အမြန်တက်ပြီး အိတ်ကပ်ထဲ၌ ထည့်ထားသော လက်ဝါးကပ်တိုင် သဏ္ဍာန်ဆွဲကြိုးအား လည်ပင်း၌စွပ်ကာ ခေါင်းကနေခြေဖျားအထိ စောင်ကို​လုံစွာခြုံကာ မျက်လုံးကိုစုံမှိတ်ထားမိသည်။

အကယ်၍...အကယ်၍များ မကောင်းသောဝိဥာဥ်တစ်ကောင်ကောင်ကများ စိုက်ကြည့်နေခဲ့မည်ဆိုလျှင်.....။

လေထဲ၌ တီးတိုးစကားဆိုသံများက ပြတ်တောင်းတောင်းကြားနေရပြန်သည်။

စိတ်ကခြောက်ခြားနေတာကြောင့် တော်တော်နှင့်အိပ်မပျော်တော့။

"အချစ်ရေ....မောင့်အချစ်ရေ....."

သေချာစွာကြားနေရသည့် အသံကြောင့် ခေါင်းထောင်မိသွားသည်။

"မောင်က....အများကြီးလွမ်းနေခဲ့တာ..."

အဲ့ဒီအသံ...။သေချာပေါက် ဒီအိမ်ကြီးရဲ့တနေရာရာကထွက်ပေါ်လာနေတာ...။

The Daisy Diary(Red Eye Of Darkness)Where stories live. Discover now