အစီအရီရှိနေသောပန်းချီကားချပ်များအနက် သုံးဆယ့်တစ်ချပ်မြောက်သော ပန်းချီကား.....။
"မောင့်ကို.....မုန်းတယ်...."
ဟူသောစာတန်းအားရဲရဲနီသော သွေးများဖြင့်ရေးခြစ်ထားလေသည်။
ပွင့်လျက်ရှိသော ဒိုင်ယာရီစာအုပ်လေး၏ နောက်ဆုံး စာမျက်နှာ၌ကား...
ဖြစ်လေရာဘဝတိုင်း၌ ဤအဖြစ်အပျက်တွေရော၊"မောင်"ဆိုသောလူသားကိုပါ ဘယ်သောအခါမှ အမှတ်ရနေခြင်းမရှိပါစေနှင့်....။ချစ်ခြင်းတရားတို့က မောင့်အားပြင်းထန်စွာဒဏ်ခတ်ပါစေသတည်း...။ကျွန်ုပ်ကဲ့သို့ အလားတူသော ဝဋ်ဆင်းရဲအား တန်ပြန်စူးရှပါစေသတည်း...။ကျွန်ုပ်၏ အသက်ကိုစတေး၍ ကျိန်ဆိုခဲ့ပါသည်...။
ဒိုင်ယာရီစာအုပ်လေး၏ ဝါကြန့်ကြန့်စာမျက်နှာပေါ်သို့ မျက်ရည်တစ်ပေါက်ခကြွေသွားရသည်။
စာအုပ်ကိုပိတ်လိုက်သည့် လက်တို့က ကတုန်ကယင်။
Taehyung၏မျက်လုံးထဲ၌ ပုံရိပ်တို့ဟာ အနှေးပြကွက်တစ်ခုလိုအကုန်လုံးကိုပြန်မြင်ေယာင်လာခဲ့သည်။
သူ၏ဆုတောင်းသံများနှင့် ကျိန်စာတွေ...နာကျည်းချက်တွ...အမုန်းတွေ.....
သူရဲ့ဆုတောင်းနဲ့အမုန်းကျိန်စာတွေဟာတကယ်ထိရောက်ခဲ့ပုံရပါသည်...။
သူဟာ မောင့်ကိုနာကျဥ်းစိတ်နဲ့သေဆုံးသွားခဲ့ရတာမို့ ဝိုးတဝါးအိမ်မက်တွေထဲမှာတောင် မောင့်ကို မုန်းတယ် ဟူ၍ ရေရွတ်နေခဲ့တာပင်....။
ဒိုင်ယာရီတစ်ခုလုံးကိုဖတ်ရှုပြီးနောက် ရင်ဘတ်ထဲ၌ တင်းကျပ်နေခဲ့ပြီး သူ့နှလုံးသားကာ သံစူးကြိုးအထပ်ထပ်ရစ်ပတ်ထားသလိုနာကျင်နေရသည်။အတိတ်ဘဝက မောင့်ကိုမေးလိုက်ချင်ပါသည်။ ဘယ်အကြောင်းကြောင်းကြောင့်များ သူ့အပေါ် ဤမျှလုပ်ရက်ခဲ့ပါသနည်းဟူ၍....။
"နောက်ဆုံးတော့ ဒိုင်ယာရီကို ရှာတွေ့သွားခဲ့ပြီပဲ..."
အနောက်ကျောဘက်ဆီမှ ထွက်လာသော အေးစက်စက်စကားသံကြောင့် ကျောထဲစိမ့်ကနဲ....။
လှည့်ကြည့်လိုက်တော့ အနက်ရောင်ဝတ်စုံ၊စွတ်စွတ်ဖြူသောအသားအရည်နှင့် နီရဲရဲမျက်ဝန်းများဖြင့် လမ်းလျှောက်လာနေပါသောသူ.....။
ESTÁS LEYENDO
The Daisy Diary(Red Eye Of Darkness)
Fanficမြို့စွန်က စံအိမ်နီကြီးရယ်၊အသက်ဝင်နေတဲ့ကျိန်စာတွေရယ်...အနီရောင်မျက်ဆန်တွေနှင့်လူတစ်ယောက်...