"ဟေ့လူ...ငြိမ်ငြိမ်နေဗျာ..."
"အော်ဟော....မောင်ပါဆို..."
ပန်းချီစုတ်တံတစ်ချောင်းဖြင့်အလုပ်ရှုပ်နေရင်းမှ အငြိမ်မနေသည့်လူအားလှမ်းအော်ပြောတော့ တစ်စက်ကလေးမှ အမှားမခံသည့်သူက မကျေမနပ်ပြန်ပြောသေးတာ။
သူ၏ပုံတူပန်းချီအား ရေးဆွဲပေးနေတုန်း ငြိမ်ငြိမ်မနေသည့်သူ့အားလှမ်းအော်ရတာခဏခဏ။
ယခုလည်း သူ့ကို "မောင်"လ်ို့မခေါ်တာကြောင့် မျက်နှာထားကြီးက ခပ်တည်တည်နှင့်။
"မောင်!....ပြုံးထားလေနော် ရုပ်ကြီးကရှုတည်တည်ကြီးနဲ့..."
ထိုအခါမှ အနည်းငယ်မျှ ပြုံးပြလာလေသည်။
သူ၏ပုံတူပန်းချီအား ပုံဖော်နေရင်းမှ Taehyungသည်နှစ်ခြိုက်စွာပြုံးမိပြန်သည်။
ရိုးရိုးရှင်းရှင်းဝတ်စားထားတာတောင်မှ သိပ်ကိုခန့်ညားကာကြည့်ကောင်းနေတော့တာ။
"ရပြီမောင်!...ဒီအနားကိုလာခဲ့တော့..."
Taehyungလှမ်းခေါ်တော့သူကအနားသို့အပြေးလေးရောက်လာ၏။
"ဝါး!.......လှလိုက်တာ...မောင့်daisyငယ်က သိပ်တော်တာပဲ..."
"နည်းနည်းပါ..."
သူ့ဆီက ဤကဲ့သို့တယုတယအခေါ်အဝေါ်လေးတွေကြားတိုင်း ကြည်နူးသလိုလို သဘောကျသလိုလို။
.
သူကTaehyungအား နာမ်စားမျိုးစုံကိုခေါ်
နေတော့တာ။"ရော့...မင်းအတွက် ..."
သူကTaehyungလက်ထဲသို့ လှပစွာထုပ်ပိုးထားသော Daisyပန်းစီးလေးအားကမ်းပေးလာ၏။
သူကဆက်ပြီး..
"မင်းက Daisyတွေသဘောကျတယ်ဆိုလို့ပါ...ကိုယ်တို့ခြံအနောက်မှာ Daisyပန်းခင်းကြီးရှိတယ်..."
သူကTaehyung၏အကြိုက်တို့ကိုပါသိရှိနေတော့တာကြောင့် သံသယဝင်ရမည့်အစား ကြည်နူးပျော်ရွှင်သည့်စိတ်ကလေးသာလွှမ်းမိုးနေတော့သည်။
ပထမဆုံးအချစ်၊ပထမဆုံးရင်ခုန်သံမှာ အားလုံးက မျက်ကန်းဖြစ်ခဲ့ကြတာပဲမဟုတ်လား...။
သူက မောင် ဆိုသည့်လူသားကိုအသည်းနင့်အောင်သိပ်ချစ်ခဲ့ဖူးပါ၏။
YOU ARE READING
The Daisy Diary(Red Eye Of Darkness)
Fanfictionမြို့စွန်က စံအိမ်နီကြီးရယ်၊အသက်ဝင်နေတဲ့ကျိန်စာတွေရယ်...အနီရောင်မျက်ဆန်တွေနှင့်လူတစ်ယောက်...