နေမဝင်ခင်အချိန်၌ စံအိမ်တော်မှ လူများက ရှာတွေ့သွားခဲ့တာကြောင့် Taehyungတို့ စံအိမ်တော်သို့ပြန်ခဲ့ကြသည်။
လမ်းခရီးတစ်လျှောက်ဝယ် Taehyungမျက်နှာလေးက ကြည်ကြည်လင်လင်။
မောင့်ရဲ့အနမ်းကိုတွေးပြီး ရင်ခုန်ရတာလည်းခဏခဏ။နေနိုင်လွန်းသူမောင်ကတော့ ရုပ်တည်ကြီးဖြင့်သာ။
စံအိမ်တော်သို့ပြန်ရောက်တော့ ညမိုးချုပ်နေပြီဖြစ်သည်။
"ကိုကို..."
အိမ်ဝသို့ဝင်ဝင်ချင်းပင် Ravenaကပြေးဖက်ကာငိုတော့သည်။
"တော်ပါသေးရဲ့ ကိုကိုဘာမှမဖြစ်လို့ ဒီကဘယ်လောက်တောင်စိတ်ပူလိုက်ရသလဲ.. ကိုကိုသာတစ်ခုခုဖြစ်သွားရင် Ravenaတော့ရင်ကျိုးရချည်ရဲ့.."
မိန်းမလှလေးက မျက်ရည်လေးတစ်လည်လည်ဖြင့် ရင်ခွင်ထဲတိုးကာ ငိုကြွေးနေပုံမှာ အားနွဲ့သူအလား။
ထိုမြင်ကွင်းကြောင့် Taehyungမှာ အင်မတန်မှစိတ်မသက်မသာရှိလှသည်။
မောင်ကသူမကျောကိုအသာအယာသပ်ကာဖြင့်
"ဘာမှမဖြစ်တာမို့ မငိုနဲ့တော့..."
"အင့်.."
အဲ့တာတောင် သူမကရှိုက်နေသေးသည်။အခုချက်ချင်းပင်ထိုနေရာမှ ထွက်သွားလိုက်ချင်ပြီဖြစ်သည်။
"ကိုကိုက အဲ့ဒီKimမျိုးရိုးကို ခေါ်သွားလို့ ဒီလိုဖြစ်ရတာ လုံးဝကောင်းကျိုးမပေးတဲ့အမျိုးအနွယ်..."
သူမက မကျေမနပ်အပြစ်တင်စကားတို့ဖြင့်ထိုးနှက်ပြန်လေတာ။Taehyungအောက်နှုတ်ခမ်းကို ခပ်တင်းတင်းဖိကိုက်မိသွားသည်။ ဒီမိန်းမက ရုပ်ကလေးလှသလောက် သိပ်ကြောက်ဖို့ကောင်းသည်။
"တော်တော့ Ravena!..သူက ကိုကို့အမျိုးသား...မင်းမချေမငံဆက်ဆံရမယ့်သူမဟုတ်ဘူး...ပြီးတော့ တောထဲမှာ ဒီတိုင်းလမ်းပျောက်သွားတာ သူနဲ့ဘာမှမဆိုင်တာမို့ အပြစ်တင်နေတာတွေရပ်တော့.."
ခပ်တင်းတင်းထွက်ပေါ်လာသော မောင့်စကားသံနောက် သူမမျက်နှာက ပြိုတော့မည့်မိုးလို။
"ပင်ပန်းလာလို့ နားချင်ပြီ...လာ သွားရအောင်.."
မောင်က Taehyungလက်တစ်ဖက်ကိုဆုပ်ကိုင်လျက် သူမရှေ့မှဆွဲခေါ်လာခဲ့တော့သည်။
YOU ARE READING
The Daisy Diary(Red Eye Of Darkness)
Fanfictionမြို့စွန်က စံအိမ်နီကြီးရယ်၊အသက်ဝင်နေတဲ့ကျိန်စာတွေရယ်...အနီရောင်မျက်ဆန်တွေနှင့်လူတစ်ယောက်...