အချိန်အားဖြင့် မနက်ခုနစ်နာရီခွဲခန့်။
နေရောင်ခြည်ကမျက်နှာပေါ်သို့ကျရောက်နေသည်ကြောင့် မျက်ခုံးတန်းတို့တွန့်ချိုးသွားရသည်။
အသားပြုတ်နံ့ကဲ့သို့ ခပ်မွှေးမွှေးအနံ့က နှာခေါင်းထဲတိုးဝင်လာပြန်သည်။
မျက်လုံးတို့ကိုမဖွင့်ချင်ဖွင့်ချင်နှင့် စူးစမ်းကြည့်တော့ အိပ်ယာဘေးက စားပွဲခုံပေါ်၌ အငွေ့တထောင်းထောင်းထနေသော ကြက်စွပ်ပြုတ်ပန်းကန်လုံးကိုတွေ့ရသည်။
ဘေး၌လည်း ရေဇလုံတစ်လုံးရယ်၊အဝတ်ရေစိုတစ်ခုရယ်ကိုတွေ့ရပြန်သေးသည်။
ညတုန်းက လက်ကတဆစ်ဆစ်နဲ့ကိုက်နေပြီး ယခုမူအနည်းငယ်သက်သာသွားသလိုရှိတာကြောင့် လက်ကိုမြှောက်ကြည့်မိတော့ စနစ်တကျစည်းနှောင်ထားသော ပတ်တီးဖြူဖြူ...။
အခန်းထဲကို တစ်ယောက်ယောက်လာပြီး လုပ်ပေးသွားတာများလား..?
ဘယ်လိုစဥ်းစားစဥ်းစား စဥ်းစားလို့ကိုမရ။
ထိုစဥ်..အခန်းအပြင်ဘက်မှ
"ကိုကို...Ravenaဝင်လာပြီနော်.."
သတိပေးသံနှင်အတူဝင်ရောက်လာပါသောRavena...။
ခဲရောင် ပိုးသားဂါဝန်ကိုဝတ်ဆင်ထားပြီး ဆံပင်အရှည်များအား ခပ်မြင့်မြင့်ထုံးဖွဲ့ထားသည်။
"ဒါတွေက ညီမလေး လုပ်ပေးထားတာလား Ravena..."
စားပွဲခုံပေါ်က စွပ်ပြုတ်ပန်းကန်ကို လက်ညှိုးထိုးကာမေးတော့ သူမက အနည်းငယ်တွေဝေသွားပြီးမှ..
"ဟင်း...ဟုတ်တယ်ကိုကို..."
ပတ်တီးနှင့်လက်ကိုမြှောက်ပြလိုက်ရင်းမှ..
"ဒါဆိုရင် ဒီပတ်တီးကရော..."
"အော...ဒဏ်ရာ..ဒဏ်ရာတွေ့လို့ Ravenaစည်းပေးထားတာ.."
Ravenaရဲ့အဖြေအဆုံး စိတ်ကအလိုမကျတော့။တစ်စုံတစ်ယောက်လုပ်ပေးထားတာဖြစ်ပါစေဟူ၍ မသိမသာမျှော်လင့်နေတာဖြစ်သည်။
တကယ်ပဲ ရူးကြောင်ကြောင်နိုင်လိုက်တာ...။
"ဒါနဲ့ ဘာကိစ္စရှိလို့လဲ Ravena.."
YOU ARE READING
The Daisy Diary(Red Eye Of Darkness)
Fanfictionမြို့စွန်က စံအိမ်နီကြီးရယ်၊အသက်ဝင်နေတဲ့ကျိန်စာတွေရယ်...အနီရောင်မျက်ဆန်တွေနှင့်လူတစ်ယောက်...