kiss

1.8K 201 16
                                    

ကြီးမားသောသစ်ပင်ကြီးအောက်၌ မောင်ကအသင့်ပါလာသော ဓားမြှောင်တစ်ချောင်းဖြင့်အကိုင်းအခက်များကိုခုတ်ထွင်ရှင်းလင်းကာ ယာယီတဲလေးတစ်ခုဆောက်လုပ်သည်။

Taehyungကထိုအလုပ်တွေနှင့်ရင်းနှီးကျွမ်းဝင်မှုမရှိတာကြောင့် မောင်လုပ်ကိုင်နေသည်များအား ငေးကြည့်ရုံသာ။

မောင်က တော၊တောင်၊ရေမြေနှင့်ပတ်သတ်ပြီးလည်းအကျွမ်းတဝင်ရှိပုံရပါသည်။

ယာယီတဲလေးဆောက်ပြီးသွားတော့ နေတောင်ဝင်လုလု။မောင့်ပုံစံကလည်းချွေးတလုံးလုံးနှင့်ပင်။

"မောင်..အရမ်းမောနေလားဟင်..."

မေးပြီးသွားကာမှကိုယ့်ခေါင်းကိုယ်ထုချင်မိသွားသည်။မောနေတာမြင်လိုက်သားနှင့် "မောနေလား.."ဆိုတော့...တကယ်ပါပဲ။

Taehyungသည်ဘာလုပ်ပေးရမှန်းမသ်ိ​သည်ကြောင့် လက်ကလေးနဲ့ယပ်ခပ်ပေးသလိုလေးပြုမူမိလိုက်သည်။

မောင့်မျက်နှာချောချောထက်၌ ချွေးစက်တွေတွဲခိုနေတာတောင်ကြည့်လို့ကောင်းတုန်းပင်။

မောင်က Taehyungကိုတစ်ချက်စွေကြည့်ရင်းမှ ခေါင်းယမ်းကာ..

"ကလေးဆန်လိုက်တာ.."ဟူ၍ ခပ်တိုးတိုးရေရွတ်သည်။

ထို့နောက်မောင်က သစ်ကိုင်းခြောက်များအားစုပုံကာ မီးဖိုသည်။

"ညရောက်ရင် တောကောင်ကြီးတွေရန်ကြောက်ရတာမို့ မီးဖိုရမယ်..သူတို့က မီးကြောက်တယ်လေ.."

မီးဖိုနေရင်းမှ Taehyungကိုရှင်းပြနေသေးသည်။

မှောင်စပျိုးလာသောအခါ Taehyungမှာ ဝေးဝေးမှာမထိုင်ရဲပဲမောင့်အနားဝယ် ပူးပူးကပ်ကပ်။မောင်စိတ်ဆိုးသွားမည်စိုး၍ မျက်နှာရိပ်ကြည့်ရသည်ကလည်းအလုပ်တစ်လုပ်။

"ဂွီ~~~"

Taehyungဗိုက်ထဲက ရုတ်တရက်အချက်ပေးသံမြည်လာလျှင် ဗိုက်ကိုဖိနှိပ်မိသွားရသည်။အိမ်ကထွက်လာတုန်းကအစားအနည်းငယ်သာစားလာသည်မို့ဗိုက်က အချက်ပြနေပြီဖြစ်သည်။

"ဗိုက်ဆာနေတာလား.."

"ဟို....."

Taehyungကမောင့်မျက်နှာကြည့်ပြီးပြောဖို့ရာမဝံ့မရဲ။သူကတစ်ခုခုဆို မောင်ညိုညင်မှာသိပ်ကြောက်တာ။

The Daisy Diary(Red Eye Of Darkness)Où les histoires vivent. Découvrez maintenant