Began the love story

1.8K 204 9
                                    

"Hey အချစ်ရေ!.....မောင့်ဆီကိုမြန်မြန်လာခဲ့လေ...."

Daisyပန်းခင်းကြီးအလယ်၌ လက်ပြနေပါသော အမျိုးသားတစ်ဦး။

Taehyung၏စိတ်ဝိဥာဥ်ဟာ လေဟာနယ်ထဲသို့ရောက်ရှိပြီးနောက် သူဟာ စက်ဘီးတစ်စီးပေါ်ရောက်နေခဲ့သည်။

အဖြူရောင်စက်ဘီးလေးအား စီးနင်းနေခဲ့ပြီး စက်ဘီးအရှေ့ခြင်းနှင့် လက်ကိုင်၌ လှပစွာစီးနှောင်ထားသော Daisyပန်းစီးလေးတစ်စီးရှိနေခဲ့ပါသည်။

လေအဝေ့၌ သူ့ဆံနွယ်များက တလွင့်လွင့်ရယ်။

သူဟာနှုတ်ခမ်းပါးတို့အား ကွေးညွှတ်သည်အထိပြုံးနေခဲ့သည်ကိုလည်း သတိထားမိသည်။

မညီမညာသောမြေပြင်ကြောင့် စက်ဘီးလက်ကိုင်လေးက တရမ်းရမ်း။

လက်ပြနေသော အမျိုးသားနှင့်နီးကပ်လာလေ သူ့စိတ်တွေက အကြောင်းမဲ့လှုပ်ရှားလာလေဖြစ်သည်။

ထိုအမျိုးသားသည် အဖြူရောင် အင်္ကျီလက်ရှည်အား အနက်ရောင်ဘောင်းဘီရှည်ဖြင့်တွဲဖက်ကာဝတ်ဆင်ထားပြီး ရှည်လျားသောခြေတံရှည်များရှိသည်။

အမြဲတစေမှုန်ဝါးဝါးသာမြင်ရသော မျက်နှာအချိုးစားတို့က အလုံးစုံ ပုံပေါ်လာခဲ့သည်။

တိကျသေသပ်သောမေးရိုးခပ်ထင်းထင်း၊စူးရှရှမျက်ဝန်းတောက်တောက်တွေ၊မထူမပါးနှုတ်ခမ်းတစ်စုံ....။

Taehyungမျက်ဝန်းလေးတွေဝိုင်းစက်ကုန်ရသည်။

အဲ့တာက....သေချာပေါက် Jeonသခင်ကြီးဆိုသည့်လူ...။

အံ့အားသင့်ပြီး စက်ဘီးလက်ကိုင်အား မြဲမြံစွာမထိန်းမိလိုက်သောအခါ သူ၏ စက်ဘီးအပါအဝင် ခန္ဓာကိုယ်ဟာ မြေပြင်နှင့်မိတ်ဆက်သွားရတော့သည်။

"ဟော...အချစ်ရေ...ဘာဖြစ်သွားလဲ ပြစမ်းပါဦးကွာ..."

စက်ဘီးလဲကျသည်ကို ဂရုမထားနိုင်ဘဲ အပြေးအလွှားလာရောက်ကာ တွဲထူပေးသော ထိုအမျိုးသားအား သတိလက်လွတ်ငေးကြည့်နေမိသည်။

သူ့မျက်နှာထက်၌ စိုးရိမ်ပူပန်သည့်ပုံရိပ်တို့ကအထင်းသား။

"ဘယ်နားနာသွားသေးလဲ မောင့်ကိုပြ!..."

ပြောလည်းပြော သူက Taehyungတစ်ကိုယ်လုံးအား ဒဏ်ရာရှိမရှိစစ်ဆေးနေ၏။

The Daisy Diary(Red Eye Of Darkness)Where stories live. Discover now