Pieces of Dream

1.8K 205 12
                                    

နွေဦးဝင်ကာစဖြစ်၍ မြို့၏လမ်းမတိုင်းရှိ သစ်ပင်တို့မှာ အဝါရောင်ပြောင်းစပြုပြီဖြစ်သည်။

မြို့ငယ်လေးထဲ၌ ဒုန်းစိုင်းကာပြေးလွှာ​းနေသည့် မဟူရာမြင်းနက်တစ်စီး။

မြင်းကိုအသောနှင်လာသူက "Windamia"စံအိမ်တော်ကြီး၏ Jeonသခင်လေးဖြစ်သည်။

ဖုန်တထောင်းထောင်းထနေသော လမ်းမထက်ဝယ် မြင်းခွာသံများဆူညံလျက်ရှိနေသည်။

"Jeon"မိသားစုက မျိုးရိုးစဥ်ဆက်ကြွယ်ဝချမ်းသာကြသူများဖြစ်ကြပြီး မင်းမျိုးအနွယ်တော်များဟူ၍လည်း သမုတ်ကြသည်။

မြို့စွန်ရှိကုန်းမြင့်ပေါ်၌ တည်ရှိပါသော "Windamia"စံအိမ်။

ကြီးကျယ်သည်။ခမ်းနားသည်။မြင့်မြတ်သည်။ဤကဲ့သို့ပင် "Windamia"ကိုအုပ်စိုးသူ "Jeon"တွေဟာလည်း အင်မတန်မှ ကိန်းကြီးခမ်းကြီးနိုင်လှသည်။

ထိုအထဲ၌ အဆိုးဆုံးကား "Windamia"၏ ဒုတိယမြောက် သခင်မလေး Ravenaပင်ဖြစ်သည်။

လှပသောအဆင်းနှင့် ထက်မြက်သောအချင်းကြောင့် အလှဂုဏ်မောက်လျက် မာန်မာနထောင်လွှားနေသူဖြစ်သည်။

Jeonမျိုးနွယ်နှင့် Kimမျိုးနွယ်ဆိုသည်ကား ခေတ်အဆက်ဆက်မျိုးရိုးစဥ်ဆက်က မဟာရန်သူတော်တွေ...။

စံအိမ်တော်၌ လူသွားလူလာများရှုပ်ထွေးလျက်ရှိနေပြီး

အကြောင်းမူကား Jeonသခင်ကြီး၏ စျာပနပွဲရှိသောကြောင့်ဖြစ်သည်။

ရပ်ဝေး၊ရပ်နီးမှ ဧည့်သည်တော်များ၊မြို့စားမင်း၊အရာရှိ၊အရာခံများပါမကျန် တက်ရောက်ကြလေသည်။

အဖြူရောင်ပန်းများဖြင့် အလှဆင်ထားသော Jeonသခင်ကြီး၏ ရုပ်ကလာပ်။

ဘေး၌ ဒုတိယမြောက်သခင်မလေး Revenaနှင့် အငယ်ဆုံးသခင်မလေး Hellenတို့က ဝမ်းနည်းပူဆွေးစွာ ငိုကြွေးလျက်ရှိသည်။

အကိုအကြီးဆုံးဖြစ်သူ Jeonသခင်လေးကမူ တနယ်တကျေးသို့ ခရီးလွန်နေတာကြောင့် ပြန်ရောက်မလာသေးသည့်အခြေအနေ။

ဒုန်းစိုင်းလာသောမြင်းကို ခြံထဲသို့ဝင်ဝင်ချင်းပင် ဇာတ်သတ်လိုက်ပြီး ခြံဝန်းတနေရာ၌ ဖြစ်သလိုထားခဲ့ကာ စံအိမ်တော်ထဲသို့ ဒရောသောပါးပြေးဝင်လာပါသော Jeonသခင်လေး။

The Daisy Diary(Red Eye Of Darkness)Where stories live. Discover now