(2)

439 41 0
                                    

Gazing the Clouds
(Unicode)

အပိုင်း နှစ်
ရှိရင်းစွဲထက်ပိုလှပသွားသော နိဗ္ဗာန်ဘုံ

"ဆေးလိပ်တစ်လိပ်လောက်သောက်ဦးမှပဲ"

ရုံးခန်းဟုထင်ရသော်လည်းမှောင်ကျကျအခန်းငယ် ဖြစ်သည့်အပြင် ပစ္စည်းများရှုပ်ပွနေသည့်ကြားက ခုံတွင်ထိုင်နေသူသည် အခြားသူမဟုတ် ပတ်ဂျေးပင်​​ဖြစ်သည်။

"မီးခြစ်ကဘယ်ရောက်သွားတာလဲ"

ထုံးစံအတိုင်းတွန့်ချိုးနေကြသည့်မျက်ခုံးတွေသည် တစ်ခုခုကိုအလိုမကျဖြစ်နေပုံရ၏။ သို့သော် မီးခြစ်ရှာမတွေ့၍တော့မဟုတ်။ မီးခြစ်သည်စားပွဲပေါ်မှာတင်ရှိနေသည်ကိုမမြင်ဘဲ အိတ်ထဲအတင်းရှာနေပြီး
စိတ်တိုနေခြင်းသည် အာရုံလွင့်နေခြင်းသက်သက်သာဖြစ်လိမ့်မည်။

"ကျစ် ဆေးလိပ်လေးတောင်အကောင်း
မသောက်ရဘူး"

"ဒူ.. ဒူ"

ခုံပေါ်တင်ထားသည့်ဖုန်းမြည်လာသည်နှင့်ဂျေးသည် တစ်ယောက်ယောက်ဆက်လာမည့်ဖုန်းကို မျှော်နေသကဲ့သို့အမြန်ပင်လှမ်းယူလိုက်သည်။သို့သော် ဖုန်းပေါ်ကနာမည်သည်သူလိုချင်သည့် နာမည်မဟုတ်။သူဆက်လာစေချင်နေသည့် နာမည်ပိုင်ရှင်က ဘယ်သူမှန်းတောင်သူမသိ။

"ဟင်းး"

ဖုန်းပေါ်ကနာမည်အားကြည့်ရင်း သက်ပြင်းတစ်ချက်ရှိုက်ချလိုက်ပြီးနောက် ဖုန်းကိုကောက်ကိုင်လိုက်သည်။

"အစ်ကိုဂျုံဆောင်း"

"ဘာကိစ္စလဲ"

"မနေ့ကဘားမှာပြဿနာဖြစ်တယ်ဆိုလို့ အကျိုးအကြောင်းမေးမလို့ဆက်လိုက်တာ"

"မင်းကြားထားတာပဲကို ငါ့ကိုမေးနေစရာလိုသေးလို့လား"

"အယ် သူများပြောတာကြားတာနဲ့အစ်ကို့ဆီက ကြားရတာ ဘယ်တူမလဲဗျာ"

"ပြောပြလေဗျာ နော်.. ကျွန်တော်လာခဲ့ရမလား ဘယ်လိုဖြစ်လဲသိချင်လို့ပါ"

"ယန်းဂျောင်ဝန်း"

"အစ်ကိုဂျုံဆောင်းကလဲ သိချင်ရုံဟာကို"

မျိုးရိုးနာမည်ကိုအသံမြှင့်ခေါ်လိုက်မိတော့ အရိပ်ကဲသိသူသည် အပြစ်ရှိသူပီပီ လေသံတိုးတိုးနှင့်သာ စကားပြန်ပြောလာခဲ့သည်။

Gazing the CloudsWhere stories live. Discover now