(4)

356 30 5
                                    

Gazing the Clouds
(Unicode)

အပိုင်း လေး
တစ်ခါမှကြားဖူးခဲ့ခြင်းမရှိသော နာမည်

မော့ကြည့်လာသူ၏မျက်ဝန်းအကြည့်စူးစူးအား ကြာကြာစိုက်မကြည့်နိုင်တာကြောင့်အကြည့်လွှဲပြီး ထိုင်ကာစာအုပ်တွေကိုသာကူကောက်ပေးလိုက်သည်။

"အားနာပေမယ့်ကျွန်တော့်ကို သိလို့လားဗျ"

သိလို့လားဆိုပဲ။ဘယ်လောက်ပဲသူစိမ်းတွေဖြစ်ပါစေ ချက်ချင်းမေ့ပစ်နိုင်ရအောင်သူ့မျက်နှာကသာမာန်မျက်နှာမှမဟုတ်တာ။ဘယ်လိုလုပ်မေ့ပစ်နိုင်သည်လဲ။

"မမှတ်မိဘူးလို့တော့ မပြောနဲ့နော်"

"ဟုတ် မမှတ်မိပါဘူးဗျ"

ပွင့်လင်းစွာဖြေလာသည့်စကားသံခပ်အေးအေးအောက် ပတ်ဂျေးတို့ ပြောစရာစကားတွေပျောက်ရှကုန်သည်။ထုတ်ပေးရန်ပြင်နေသည့် တံဆိပ်ပြားလေးကိုလည်းကျောင်းဝတ်စုံပေါ်က ထပ်ဝတ်ထားသည့် ခေါင်းစွပ်အနွေးထည်အိတ်ကပ်ထဲသာဆက်ထားရင်း အသာဆုပ်ကိုင်ထားလိုက်၏။

ဘားတွေမှာသီချင်းသွားဆိုတိုင်း သူ့မျက်နှာကိုချောကြောင်း မပြောတဲ့သူရယ်ဆိုလို့လက်
ချိုးရေလို့တောင်ရသည်။အဓိကက ဟိုတစ်ခါတုန်းကတော့အရက်မူးနေလို့ မမှတ်မိဘူးဆိုတာကယုတ္တိရှိသေးသည်။ အခုတွေ့ခဲ့တာက
နေ့ခင်းကြောင်တောင် ပြီးတော့ ဒီနေ့လေ။

"ဒီနေ့လေးတင်တွေ့ခဲ့တာကိုမမှတ်မိတာကတော့ နည်းနည်းမလွန်ဘူးလား"

"အော် ကျွန်တော်ကတစ်နေ့တည်းမှာတွေ့နေရတဲ့လူက တစ်ယောက်မကလို့ပါ အကုန်လုံးကိုမှတ်မိနေဖို့ကမလွယ်ဘူးလေ"

စာအုပ်တွေကောက်ကာအေးအေးလူလူပြောနေသည့် စကားကြောင့်ပတ်ဂျေး၏မျက်ခုံးတို့တွန့်ချိုးသွားရသည်။

"အာ့!"

ဘာကိုစိတ်တိုမိနေမှန်းမသိပဲအိတ်ထဲကတံဆိပ်ပြားကို အပြစ်ဖို့ကာ ဆုပ်ထားမိတော့ လက်ကအလိုလိုဖျစ်မိသွားသည်ထင်၊ တံဆိပ်ပြားကအပ်စူးသည် သူ့ကိုရန်မူလိုက်လေပြီ။

"ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ဘူး"

ဘာမှမဖြစ်ဟန်မျက်နှာလုပ်ထားတုန်းစပ်လို့မျက်ခုံးအနည်းငယ် တွန့်သွားသည်ကိုသတိထားမိသွားပုံပေါက်သူက စာအုပ်ကောက်နေသည်ကို ထားခဲ့ပြီး အိတ်ကပ်ထဲကလက်ကို ဆွဲကာထုတ်ကြည့်လာသည်။

Gazing the CloudsWhere stories live. Discover now