(5)

344 36 3
                                    

Gazing the Clouds
(Unicode)

အပိုင်း ငါး
ပြန်လမ်းမဲ့ ချောက်နက်

"ဂျေးဟျောင်း"

အချင်းချင်းမျက်ဝန်းတွေထဲစိုက်ကြည့်နေမိရင်း ခေါ်သံကြားတာကြောင့် အကြည့်လွှဲကာ အပြင်ကိုခေါင်းထွက်ကြည့်လိုက်သည်။

"အင်း"

"ဟျောင်းကဘာလို့ဆေးပေးခန်းအဝမှာ ရပ်နေတာလဲ"

"ဒီတိုင်းရောက်လာတာ မင်းကရော"

"ကျွန်တော့်သူငယ်ချင်းထွက်သွားတာ မသိလိုက်လို့ စာကြည့်တိုက်မှုးကြီးကိုမေးကြည့်တော့ သူဒီဘက်ထွက်သွားတယ်လို့ပြောလို့လိုက်လာတာ"

"အော်.."

"ဒါဆိုသူက မင်း သူငယ်ချင်းပေါ့"

ဆေးပေးခန်းအထဲတွင်ထိုင်နေသူအားလက်ညှိုးထိုးကာ မေးလိုက်တော့ ဂျောင်ဝန်းကခေါင်းညိတ်ပြလာခဲ့သည်။

"ဟုတ်တယ် ကျွန်တော့်ဘေးနားမှာထိုင်တာလေ ဂျယ်ယွန်းတဲ့"

"အင်း သိတယ်"

"ဟျောင်းတို့က သိနေကြတာလား"

"သိတာသိပ်မကြာသေးဘူး"

"အင်း"

"ဒါဆိုငါပြန်နှင့်တော့မယ် စာကြည့်တိုက်သန့်ရှင်းရေးက အခုမလုပ်ရင်မနက်ကူးကုန်မှာမို့"

"အင်း စာကြည့်တိုက်မှုးကတောင်ဟျောင်းကို လိုက်ရှာနေတာ တွေ့ရင်စာကြည့်တိုက်ဘက်လာခဲ့လို့လွှတ်လိုက်ပါတဲ့"

"အင်း သိပြီ"

"အော် ဒါနဲ့.."

ဆေးပေးခန်းကနေအပြင်ကိုထွက်ရန်ပြင်ပြီးမှစကားသံပြုကာ ခုံပေါ်တွင်ထိုင်နေသူအားမျက်စပစ်ပြလာ၏။

"သူ့ခြေထောက်ကအနာကိုညနေကျရင် ပတ်တီးဖြေပြီးဆေးထပ်ထည့်ပေးလိုက်ဦး မဟုတ်ရင်အနာရောင်လာလိမ့်မယ်"

"ဂျယ်ယွန်းလား  သူဘာဖြစ်သွားလို့လဲ"

"မင်းကသူ့သူငယ်ချင်းလုပ်နေပြီးဘာမှမသိဘူးလား"

"ကျွန်တော်တို့မနက်တည်းက Presentation
အတွက် အလုပ်ရှုပ်နေလို့ နေ့လယ်စာတောင်စားဖို့အချိန်ရတာမဟုတ်ဘူး"

Gazing the CloudsWhere stories live. Discover now