(12)

268 28 13
                                    

Gazing the Clouds
(Unicode)

အပိုင်း ဆယ့်နှစ်
ကျွန်တော့်ရဲ့တိမ်စိုင်ငယ်

"တီးတောင် တီးတောင်"

ရုတ်တရက်တံခါးဘဲလ်ကိုလာတီးသံကြားတာကြောင့် လက်ထဲကတီဗွီရီမုတ်ကိုချကာ တံခါးသွားဖွင့်လိုက်သည်။

"ဒီမှာအစ်ကိုလေးဂျယ်ယွန်းရှိလားခင်ဗျ"

"နောက်တစ်ခေါက်တွေ့ရပြီပဲ"

"အဲ့ဒါကဘာကို.."

သူပြောတော့မှသေချာပြန်စဥ်းစားကြည့်တော့ ထိုနေ့ညက အစ်ကိုလေးကိုပိုက်ဆံကိုယ်တိုင်လာပေးခိုင်းသူ ဖြစ်နေကြောင်းသတိထားမိသွားသည်။

"ခင်.. ခင်ဗျားက..!"

"အကိုဂျေး ဘယ်သူရောက်လာလို့လဲ"

ဘာမှပြန်မဖြေသေးခင် အခန်းဝတွင်ရပ်နေသူအား ကြည့်လိုက်သည်။

"အောင်း ဦးလေးချွန်းဟန် အထူးအဆန်းပါလား ဒီကိုဘာလာလုပ်တာလဲ"

"အဲ့ဒါ ဘော့စ်ကအစ်ကိုလေးကိုခေါ်ခိုင်းလိုက်လို့ပါ"

"ဟင် အလုပ်ကိစ္စသွားစရာရှိတယ်ဆို ဘာလို့ရုတ်တရက်ကြီးခေါ်တာလဲ"

"ဖုန်းတစ်ခုဝင်လာပြီးတော့အလုပ်ကိစ္စကို နောက်ရွှေ့လိုက်တဲ့ပုံစံပါပဲ ဘာကြောင့်လဲတော့ သေချာမသိရပါဘူး"

"အော်.."

"နောက်မှလိုက်လာလို့မရဘူးလား"

"အခုချက်ချင်းလာခိုင်းတာမို့လို့ကျွန်တော်ဒီအထိ လိုက်လာရတာပါ"

"ဒါနဲ့အကိုဂျေးနဲ့ဦးလေးချွန်းဟန်ကသိနေကြတာလား"

"ခင်ဗျာ.. မသိပါဘူး ဘာလို့လဲ အစ်ကိုလေးကဘာလို့အဲ့လိုထင်ရတာလဲ"

"ဘာရယ်မဟုတ်ပါဘူး နှစ်ယောက်သားကြည့်ရတာ အခုမှတွေ့ဖူးတဲ့ပုံစံတွေမပေါက်သလိုပဲ ခုနားကအကိုဂျေးပြောတဲ့စကားသံကလဲ မသိတဲ့လူကိုပြောပုံနဲ့မတူလို့"

"မ မဟုတ်ပါဘူး အစ်ကိုလေးစိတ်ထဲထင်နေတာနေမှာပါ"

"အင်းနော် အကိုနဲ့ဒီကလူနဲ့ကတွေ့ဖူးစရာအကြောင်းမှမရှိတာကို"

​ပြတ်သားစွာထွက်ပေါ်လာသည့်အကိုဂျေး၏ စကားသံတွေသည် လေးနက်တည်ငြိမ်နေသည်။ သို့သော်ဦးလေးချွန်းဟန်ကတော့ ပုံမှန်ထက်ကိုစိတ်လှုပ်ရှားနေပုံပေါ်၏။

Gazing the CloudsWhere stories live. Discover now