(17)

319 23 8
                                    

Gazing the Clouds
(Unicode)

အပိုင်း တစ်ဆယ့်‌‌ခုနှစ်
ကျွန်တော့်ရဲ့ဟျောင်းငယ်လေး

"အကိုဂျေးက အနိုင်ကျင့်တယ်.."

အချစ်တွေမွှန်အနမ်းတွေလွန်ခဲ့လို့ သူမောဟိုက်နေပြီမှန်း သတိထားမိကာ အရှိန်ရပ်လိုက်ချိန် ရင်ဘတ်ကိုလက်သီးဖွဖွလေး
ထုကာ ပြောလာသည့်စကားက အသဲယားစရာပင်။ ခပ်ဆဆပြုံးရင်း ရီဝေဝေမျက်ဝန်းတစ်စုံနဲ့ သူ့ကိုစိုက်ကြည့်မိသည်။

"ဘယ်မှာအနိုင်ကျင့်လို့တုန်း"

"ချစ်တယ်ပြောပြီး ဇွတ်.."

"ဇွတ် ဘာဖြစ်လဲ ဆက်ပြောလေ"

"အကိုဂျေးကလဲ သိရဲ့သားနဲ့"

"ဟင့်အင်း မသိပါဘူး"

ရွှတ်နောက်နောက်စကားကိုရုပ်တည်နဲ့ပြောမိတော့ ကလေးငယ်ကရှက်သွားကာတစ်ဘက်ကို မျက်နှာလွှဲသွားသည်။

"ချစ်တယ်ပြောပြီးဘာလို့ ဇွတ်.. နမ်းတာလဲလို့မေးနေတာ"

"အဲ့လိုနမ်းလို့မရဘူးလား"

"အကိုဂျေး!!"

"ဘယ်သူကဖွင့်ပြောပြီးပြီးချင်းအဖြေမရ‌သေးခင် ဇွတ်နမ်းလို့လဲ"

"ဒါဆိုကိုယ်ကအဖြေအရင်တောင်းရမှာပေါ့"

"ဒါပေါ့"

"ဒါပေမဲ့ကိုယ်နမ်းပြီးသွားပြီလေအဖြေအနေနဲ့ မင်းလဲပြန်နမ်း..!!"

"ရှူးး တိုးတိုးပြောပါဗျာ သူများတွေကြားကုန်တော့မယ်"

‌ပြောနေရင်းနှုတ်ခမ်းကိုလက်ဖဝါးလေးနဲ့လာပိတ်ကာ စကားကိုတိုးတိုးပြောတော့ အသဲယားလွန်းလို့ဖက်နမ်းချင်စိတ်ကို မနည်း အောင့်အည်းထားရသည်။

"မင်းကိုယ့်ကိုပြန်နမ်းခဲ့တယ်လေ ဟုတ်တယ်မလား"

"အဲ့..အဲ့ဒါကအဖြေတောင်မပေးရသေးတာကို အကိုဂျေးအတင်းနမ်းလို့လေ"

"ဒါဆိုကိုယ့်ကိုအဖြေပြန်တောင်းစေချင်တာလား ဒါမှမဟုတ် ကိုယ့်ကိုမချစ်လို့ငြင်းချင်တာလား"

"ကျွန်တော်အခု‌အဖြေမပေးနိုင်သေးဘူး"

"မချစ်တာတော့မဟုတ်ဘူးပေါ့လေ"

Gazing the CloudsWhere stories live. Discover now