(14)

236 24 7
                                    

Gazing the Clouds
(Unicode)

အပိုင်းတစ်ဆယ့်လေး
ကျွန်တော်တို့ မချစ်ပဲနေကြရအောင်

"အကိုဂျေး"

"အကိုဂျေး!!"

ခေါ်လဲမထူးတာကြောင့်သံရှည်ဆွဲကာအော်မိတော့ မျက်မှောင်ကြုတ်ကာနောက်ကိုလှည့်ကြည့်လာ၏။

"ကိုယ်ပြောထားသားပဲ အဲ့ကလေးပုံစံကိုက တစ်မျိုးပါလို့မင်းမှနားမထောင်တာ"

"သူတစ်မျိုးဖြစ်ဖြစ်မဖြစ်ဖြစ် ကျွန်တော်ကဘာလုပ်လို့ရမှာလဲ"

"ကဲပါကွာ မင်းတို့ကလည်းကျောင်းထဲမှာအော်ကြီးဟစ်ကျယ်ရန်ဖြစ်မနေကြစမ်းပါနဲ့"

"ရန်ဖြစ်နေတာမဟုတ်ဘူး သူနားလည်အောင်ငါသေချာပြောပြနေတာ"

"အေးဆေးပြေလည်အောင်ဖြေရှင်းကြလေ အော်နေလို့စိတ်ညစ်ရရုံပဲရှိမယ် ဘာပြဿနာမှပြေလာမှာမဟုတ်ဘူး"

"ဆောင်းဟွန်းဟျောင်းကကျွန်တော့်ကိုဘာလို့ တွေ့ချင်တာလဲ"

"အဲ့ဒါက.. "

"မနက်ကဟျောင်းလုပ်မိတဲ့အမှားအတွက်မင်းကို ကိုယ်တိုင်တောင်းပန်ချင်လို့လာခဲ့တာပါ"

"မနက်က"

"အင်း ဟျောင်းအခုလည်းမူးတူးတူးပေမဲ့ မနက်ကတော့တကယ့်ကိုအမူးမပြေသေးတဲ့ အခြေအနေမို့လို့ဆွဲလားရမ်းလားလုပ်မိတာပါ ဟျောင်းတကယ်တောင်းပန်ပါတယ်"

"အမှားပဲဟာဖြစ်တတ်ပါတယ် စိတ်ထဲမထားပါနဲ့တော့"

"ဖြစ်ပါ့မလား မင်းစိတ်ကျေနပ်အောင်ဟျောင်းဘာလုပ်ပေးရမလဲ"

"မလိုပါဘူး ကျွန်တော်အဆင်ပြေပါတယ် မနက်ကရုတ်တရက်မို့ လန့်သွားရုံပါ ပြီးတော့အကိုဂျေးရောက်လာလို့ ပိုအဆင်ပြေသွားတာလို့ပြောလဲမှားမယ်မထင်ဘူး"

ပြောရင်းကနေအကိုဂျေးကိုမျက်စပစ်ပြတော့ ဆောင်းဟွန်းဟျောင်းကခေါင်းငြိမ့်ကာ မျက်မှောင်ကြုတ်သည်။

"ဂျေး"

"အင်း"

"ဂျယ်ယွန်းနဲ့ခဏလောက်သီးသန့်စကားပြောလို့ရနိုင်မလား"

"မင်းဘာတွေထပ်ကြံစည်​နေတာလဲ"

"ဘာကိုလဲ မစီစဥ်ရပါဘူး"

Gazing the CloudsWhere stories live. Discover now