(21)

177 15 3
                                    

Gazing the Clouds
(Unicode)

အပိုင်း နှစ်ဆယ့်တစ်
သိမ်ငယ်ခြင်း တိမ်စိုင်ငယ်၏သက်ရောက်မှု

"ဂျောင်ဝန်းနား"

"ဟင်"

"ရုတ်ရုတ်သဲသဲနဲ့ဘာတွေဖြစ်နေတာလဲ"

ကျောင်းထဲဝင်ဝင်လာချင်းကျောင်းဟောခန်းမထဲမှာ လူတွေစုဝေးကာ ယောက်ယက်
ကို ခတ်နေကြတာကြောင့် အတန်းခေါင်းဆောင်ဖြစ်သည့် ဂျောင်ဝန်းကိုသာ လှမ်းမေးလိုက်သည်။

"အာ ကျောင်းအုပ်ကြီးကဒီတစ်ခေါက်ခရီးအတွက် သွားမဲ့နေရာနဲ့တခြားသတိထားစရာအချက်တွေကို ပြောပြမလို့လူစုခိုင်းတာလို့ပြောတယ်"

"ဘာခရီးလဲ"

"မင်းမသိသေးဘူးလား"

"မသိဘူးလေ"

"အရင်နှစ်ကလိုခရီးထွက်တာလေ အဲ့ဒါဒီတစ်ခေါက်ဘယ်သွားမလဲပြောပြီး သတိထားရမှာတွေ ပြောပြဖို့လူစုခိုင်းတာ"

"အော်.."

အရင်တစ်ခါကတော့အဖေက‌ရွေးကောက်ပွဲနဲ့မို့ ဒီဘက်ကိုဂရုစိုက်ဖို့အစောင့်မထည့်ပေးနိုင်လို့ဆိုပြီး တစ်ယောက်ထဲကျန်နေခဲ့ရသည့်ခရီးစဉ်ကြီးပေါ့။ ကျောင်းကားတွေတစ်စီးပြီးတစ်စီး ထွက်သွားပြီးတစ်ယောက်ထဲကျန်နေခဲ့ရသည်ကို အခုထိ‌မမေ့သေးပါ။

"ငါ ကျောင်းအုပ်ကြီးလာတော့မလားခဏသွားကြည့်လိုက်ဦးမယ်နော ပြီးရင်လာခဲ့မယ်"

"အင်း"

အတိတ်မှာပြန်လည်‌ရင်းဝမ်းနည်းမလာခင် နေရာမှလှည့်ထွက်ရန် စဉ်းစားလိုက်သည်။တစ်ဘက်ကိုလှည့်ချိန်မှာပဲ မျက်နှာချင်းဆိုင် ဖြစ်သွားသည့်အနေအထားမှာ နောက်ကိုခြေတစ်လှမ်းဆုတ်မိသွား၏။

"ဆော အင်ဂု?"

"အထိတ်တလန့်ဖြစ်လှချည်လား"

သူ့စကားသည်ရွဲ့တဲ့တဲ့မဲ့တဲ့တဲ့စကားမို့ဘာမှပြန်မပြောလို နေရာမှလှည့်ထွက်ရန်ပြင်တော့ သူကဂုတ်ကနေ အနားကိုဆွဲယူကာ ပုခုံးပေါ်လက်လာတင်ထားသည်။

"မင်းသိလား.."

ပုခုံးပေါ်လက်တင်ကာမျက်နှာကနားနားတိုးကပ်ပြောသည်မို့ ရင်တွေတုန်ကာအသက်ရှုတောင်ရပ်ချင်လာသည်။

Gazing the CloudsWhere stories live. Discover now